အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပြီးဆုံး

CRI, November 12, 2022
Size:

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပပြီးစီခဲ့သည်။ အစည်းအဝေးအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် ၂၀၂၅ ခုနှစ်အပြီး အာဆီယံနိုင်ငံများအကြား အပြန်အလှန် ဆက်သွယ်မှုနှင့် အာဆီယံအဖွဲ့ တည်ထောင်ခဲ့သည့် ၅၅ နှစ်မြောက်နှစ်နှင့် ပတ်သက်ပြီး “အာဆီယံအဖွဲ့ အပြန်အလှန် ဆက်သွယ်ရေး ယေဘုယျစီမံကိန်းဆိုင်ရာ ၂၀၂၅ ခုနှစ် ဗီယင်ကျန်းကြေညာချက်”နှင့် “အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အပြီး အလားအလာဆိုင်ရာ ဟနွိုင်း ကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။