တရုတ်-အာဆီယံ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ကြောင်း တရုတ်ဝန်ကြီးချုပ်ဆို

CRI, November 12, 2022
Size:

နိုဝင်ဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်တို့သည် ဖနွမ်းပင်မြို့၌ ကျင်းပသော ၂၅ ကြိမ်မြောက် တရုတ်-အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ကြသည်။

ထိုသို့ အစည်းအဝေး တက်ရောက်ခဲ့ရာ လီခေ့ချန်က တရုတ်ဘက်သည် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံခြားရေးတွင် အာဆီယံအဖွဲ့ကို ဦးစားပေးဆောင်ရွက်ပြီး အာဆီယံအဖွဲ့နှင့်အတူ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွအာရုံစိုက်ရန်၊ အခွင့်အလမ်းများကို အတူတကွ မျှဝေရန်၊ စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ရန်နှင့် ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်ဘက်သည် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးကို ထောက်ခံပြီး အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံအဖွဲ့၏ ဗဟိုအချက်အချာနေရာ တည်ရှိခြင်းကို ထောက်ခံကြောင်း၊ တရုတ်-အာဆီယံ နှစ်ဖက်အကြား ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။