၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၏ တစ်နှစ်အတွင်း ရည်မှန်းထားသော အရောင်းအဝယ်ဖြစ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၃.၅၂ ဘီလီယံရှိ

CRI, November 11, 2022
Size:

၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၁၄၅ ခု ပါဝင်ခင်းကျင်းပြသခဲ့ကြပါသည်။ ဟုန်ချောင် (Hongqiao) ဖိုရမ် သက်ဆိုင်ရာလှုပ်ရှားမှု ၂၄ ခုကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၂၇ ခုမှ လုပ်ငန်းကုမ္ပဏီပေါင်း ၂၈၀၀ ကျော်တို့သည် ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသခဲ့ကြပါသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ပြပွဲသို့ ဝင်ရောက်ကြည့်ရှုသူ ဦးရေ စုစုပေါင်း ၄ သိန်း ၆ သောင်း ၁ ထောင်ရှိခဲ့ပါသည်။ ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲ၏ တစ်နှစ်အတွင်း ရည်မှန်းထားသော အရောင်းအဝယ်ဖြစ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၃.၅၂ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ်က ကျင်းပခဲ့သည့်ပြပွဲထက် ၃.၉ ရာခိုင်နှုန်း တိုးများလာပါသည်။