အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပရာ အနီးတစ်ဝိုက်တွင် လုံခြုံရေးတင်းကျပ်ထား

CRI, November 11, 2022
Size:

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်တွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးကျင်းပရာနေရာဖြစ်သော ဖနွမ်းပင်မြို့ရှိ Sokha ဟိုတယ်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ရဲတပ်ဖွဲ့ဝင်များက ရဲခွေးများဖြင့် ကင်းလှည့်နေ‌ကြကြောင်း၊ ထိပ်သီးအစည်းအဝေးကျင်းပစဉ်အတောအတွင်း ရဲအရာရှိ စုစုပေါင်း ၁၂၀၀၀ ကို စေလွှတ်မည်ဖြစ်ပြီး အစည်းအဝေးကျင်းပရာနေရာများ၊ ဟိုတယ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ စသည့်နေရာများ၏လုံခြုံရေးကို အာမခံပေးမည်ဟု မကြာမီက ‌‌ဒေသခံတာဝန်ရှိသူက ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် အစည်းအ‌ဝေးကျင်းပစဉ်အတောအတွင်း ဖနွမ်းပင်မြို့ရှိ  ရုရှားရိပ်သာလမ်း၊ နိုရိုဒမ်ရိပ်သာလမ်းနှင့် မိုနီဗုန်ရိပ်သာလမ်း စသည့်အဓိကလမ်းများကိုလည်း ပိတ်ဆို့ထားမည်ဖြစ်ကြောင်း သိရပါသည်။