ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ကျင်းပပြီးစီး

CRI, November 11, 2022
Size:

ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ယခုလ ၁၀ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသခဲ့သည့် လုပ်ငန်းများ၏ အရေအတွက်၊ ပြန်လာမှုနှုန်းနှင့် အထူးပြခန်း အချိုးအစားသည် ပြီးခဲ့သည့်တစ်ကြိမ်ထက် ပိုမိုများပြားသကဲ့သို့ ပြပွဲ၏အရည်အသွေးသည်လည်း အဆက်မပြတ် တိုးမြင့်လာနေကြောင်း သက်ဆိုင်ရာတာဝန်ခံက ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

နိုင်ငံပေါင်း ၁၀၄ နိုင်ငံမှ လုပ်ငန်းကုမ္ပဏီ ၁၀၇၆ ခုတို့သည် အစားအသောက်နှင့် လယ်ထွက်ကုန်ပစ္စည်းပြခန်းတွင် ပါဝင်ခင်းကျင်းပြသခဲ့ကြသည်ဟု သတင်းအရ သိရသည်။