အဘယ်ကြောင့် များသထက်များလာသော ပထမဆုံးအကြိမ်မိတ်ဆက်ပွဲ၊ ပထမဆုံး အကြိမ်ပြသပွဲကို တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ကျင်းပရန် ရွေးချယ်သနည်း

CRI, November 9, 2022
Size:

ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ် မိတ်ဆက်သော၊ ပထမဆုံးအကြိမ်ပြသသောကုန်ပစ္စည်းသစ် များစွာကို တွေ့မြင်နိုင်ပါသည်။

၅ နှစ်အတွင်းတွင် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူ များသထက်များလာပါသည်။ တီထွင်ဆန်းသစ်မှုမှာ ကြီးမားသောဆွဲဆောင်မှုတစ်ရပ် ဖြစ်ပါသည်။ သက်ဆိုင်ရာစာရင်းကောက်ယူချက်အရ လွန်ခဲ့သည့် ၄ ကြိမ် ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းသစ်၊ နည်းပညာသစ်၊ ဝန်ဆောင်မှုသစ် ၁၅၀၀ ကျော်ကို ထုတ်ပြန်မိတ်ဆက်ခဲ့ပါသည်။ ယခုအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းသစ် ၁၇၀ ကျော်ကို ထုတ်ပြန်မိတ်ဆက်မည် ဖြစ်ပါသည်။ စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲထက် ထုတ်ပြန်မိတ်ဆက်သောကုန်ပစ္စည်းသစ်၏အရေအတွက်မှာ ရာခိုင်နှုန်း ၄၀ ခန့် တိုးများလာမည် ဖြစ်ပါသည်။

အဘယ်ကြောင့် များသထက်များလာသော ပထမဆုံးအကြိမ်မိတ်ဆက်ပွဲ၊ ပထမဆုံးအကြိမ်ပြသပွဲကို တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ကျင်းပရန် ရွေးချယ်သနည်း။

တရုတ်နိုင်ငံတွင် လူဦးရေ သန်း ၁၄၀၀ ရှိပြီး အလယ်အလတ်ဝင်ငွေရရှိသူ ဦးရေ သန်း ၄၀၀ ကျော် ရှိပါသည်။ ၅ နှစ်အတွင်းတွင် နိုင်ငံဖြတ်ကျော်လုပ်ငန်းကုမ္ပဏီများသည် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသခြင်းဖြင့် အတိုင်းအတာကြီးမားသောတရုတ်ဈေးကွက်တွင် တီထွင်ဆန်းသစ်မှုရလဒ် အကောင်အထည်ဖော်ရန် အကောင်းဆုံးသောနေရာကို ရှာတွေ့ခဲ့ကြပါသည်။ ယခုအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံသည် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား တရုတ်ဈေးကွက်ကြီးအခွင့်အလမ်းကို မျှဝေခံစားစေရန် ကတိပြုခဲ့သဖြင့် ပိုမိုးများပြားသောနိုင်ငံဖြတ်ကျော်လုပ်ငန်းကုမ္ပဏီများသည် အခွင့်ကောင်းကို ရှာတွေ့ကြပါသည်။

စင်စစ်အားဖြင့် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တီထွင်ဆန်းသစ်မှုတစ်မျိုး ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ တီထွင်ဆန်းသစ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ၏ထမြောက်မှုကို သက်သေပြနိုင်ပါသည်။ ကမ္ဘာ့ပညာမူပိုင်ခွင့်အဖွဲ့အစည်းမှ ထုတ်ပြန်သောစာရင်းအရ တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုအညွှန်းကိန်းသည် ၂၀၁၂ ခုနှစ်က ကမ္ဘာ့ ၃၄ နေရာမှ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ ၁၁ နေရာသို့ မြင့်တက်လာခဲ့ပါသည်။ ၎င်း၏နောက်ကွယ်မှာ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလည်ပတ်မှုပတ်ဝန်းကျင် ဆက်တိုက်ကောင်းမွန်တိုးတက်လာခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဆက်မပြတ် တွန်းအားပေးခြင်းတို့ ဖြစ်ပါသည်။

တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံမှ နိုင်ငံခြားသို့ အဆင့်မြင့်တံခါးဖွင့်မှု တိုးချဲ့ပြုလုပ်ရန် ပြတင်းပေါက်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား စနစ်ပုံစံတံခါးဖွင့်ရေးအခွင့်အလမ်းများကို မျှဝေခံစားစေရန် ကတိပြုခဲ့ပါသည်။ ၎င်းမှာ နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများ ပိုမိုစိတ်ချစေပါသည်။

တံခါးဖွင့်ရေးဖြင့် ပူးပေါင်းဆောင်ရွက်ရေးကို မြင့်တင်လာပါသည်။ တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် နိုင်ငံတကာစီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် “အရှိန်မြှင့်စက်” ဖြစ်လာပြီ ဖြစ်ပါသည်။

တီထွင်ဆန်းသစ်မှုဖြင့် အနာဂတ်ကို ဖန်တီးနိုင်ပါသည်။ တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ပြသခဲ့သည့် ကုန်ပစ္စည်းသစ်တိုင်းသည် ကုန်သွယ်ရေးအခွင့်အလမ်းသစ်တစ်ခု၊ ကုန်ထုတ်လုပ်နိုင်စွမ်းသစ်တစ်မျိုး၊ နေထိုင်မှုဘဝသစ်တစ်မျိုးကို ကိုယ်စားပြုနိုင်ပါသည်။ လူများသည် များသထက်များလာသော ပထမဆုံးအကြိမ်ထုတ်ပြန်ခြင်း၊ ပထမဆုံးအကြိမ်ပြသခြင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းကို တွေ့မြင်နိုင်သည့်အပြင် ပိုမိုကောင်းမွန်သောအနာဂတ်ကိုလည်း မျှော်မှန်းနိုင်ပါသည်။