၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၏ အဓိက ဆောင်ပုဒ်မှာ ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

CRI, November 8, 2022
Size:

၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ယခုလ ၄ ရက်နေ့က ဖွင့်လှစ်ပြီးဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံအပြီးတွင် ကျင်းပသော ပထမဆုံး နိုင်ငံတကာပြပွဲကြီးအနေနှင့် ၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ကဏ္ဍပေါင်းစုံမှ အာရုံစူးစိုက်မှု ခံရကြောင်း၊ တရုတ်နိုင်ငံအနေနှင့် နိုင်ငံအသီးသီးအား တရုတ်နိုင်ငံ၏ ကြီးမားသော ဈေးကွက် အခွင့်အလမ်းများကို မျှဝေရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အခွင့်အလမ်းများကိုမျှဝေရန် တွန်းအားပေးမည် ဖြစ်ကြောင်း ၇ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။