ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ကျင်းပ

CRI, November 5, 2022
Size:

ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့က စတင်ကျင်းပခဲ့ရာ ထုတ်ကုန်ပစ္စည်းအသစ်၊ နည်းပညာအသစ်နှင့် ဝန်ဆောင်မှုအသစ်များစွာကို ပွဲကြည့်ပရိသတ်များအား ပထမဆုံးအကြိမ် ပြသပါသည်။

စားသုံးကုန်ပစ္စည်းအသစ်မှ ခေတ်မီနည်းပညာကုန်ပစ္စည်းအထိ ပြခန်းများတွင် ခင်းကျင်းပြသသောကုန်ပစ္စည်းများသည် ပွဲကြည့်ပရိသတ်များအား ဆွဲဆောင်နေပါသည်။ နိုဝင်ဘာလ ၅ ရက်နေ့က အာရုံစိုက်မှု အရှိဆုံးသော စားသုံးကုန်ပစ္စည်း၊ အစားအသောက်နှင့် မော်တော်ကားပြခန်းများတွင် ကုန်ပစ္စည်းအသစ်များစွာကို ပထမဆုံးအကြိမ် ခင်းကျင်းပြသခဲ့ပါသည်။ ထိုနေ့တွင်ပင် သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုပွဲ၊ လုပ်ငန်းလေ့လာရေးအစီရင်ခံစာထုတ်ပြန်ပွဲနှင့် သက်ဆိုင်ရာလှုပ်ရှားမှုများကိုလည်း ကျင်းပခဲ့ပါသည်။