တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း ရှီကျင့်ဖိန် ပြောကြား

CRI, November 4, 2022
Size:

နိုဝင်ဘာလ ၄ ရက်နေ့ညတွင် ကျင်းပသော ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည်  တံခါးဖွင့်ပြီး စည်ပင်သာယာသော လှပသည့်အနာဂတ်ကို အတူတကွ ဖန်တီးခြင်းဟူသော ခေါင်းစဉ်ဖြင့် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးတို့နှင့်အတူ စစ်မှန်သော နိုင်ငံစုံဝါဒကို လက်တွေ့ဖော်ဆောင်ပြီး ပိုမိုများပြားသော တံခါးဖွင့်ရေးဆိုင်ရာသဘောတူညီမှုများ စုစည်းကာ တစ်ကမ္ဘာလုံးစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာတွင် ရင်ဆိုင်နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှား၍ တံခါးဖွင့်ရေးဖြင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုတောက်ပသော အနာဂတ်ကို ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့ပါသည်။