ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရှီကျင့်ဖိန် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြား

CRI, November 4, 2022
Size:

နိုဝင်ဘာလ ၄ ရက်နေ့ညတွင် ကျင်းပသော ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည်  တံခါးဖွင့်ပြီး စည်ပင်သာယာသော လှပသည့် အနာဂတ်ကို အတူတကွ ဖန်တီးခြင်းဟူသော ခေါင်းစဉ်ဖြင့် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က လွန်ခဲ့သည့် ၅ နှစ်က မိမိအနေဖြင့် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ကျင်းပရန် ကြေညာခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ တံခါးဖွင့်ရေးကို တိုးချဲ့ပြုလုပ်ရန်၊ တရုတ်ဈေးကွက်ကြီးသည် ကမ္ဘာ့အခွင့်အလမ်းကြီး ဖြစ်လာစေရန် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေ တည်ဆောက်ရန် ပြတင်းပေါက်၊ အဆင့်မြင့်တံခါးဖွင့်ရေး တွန်းအားပေးရန် ဖလက်ဖောင်း၊ တစ်ကမ္ဘာလုံး မျှဝေခံစားနိုင်ရန် နိုင်ငံတကာအများပြည်သူ သုံးကုန်ပစ္စည်း ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တံခါးဖွင့်ရေးသည် လူသားတို့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသော တွန်းအားဖြစ်ကာ ကမ္ဘာ့စည်ပင်သာယာပြီး ဖွံ့ဖြိုးတိုးတက်ရန် တစ်ခုတည်းသောလမ်းကြောင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာသည် နှစ်တစ်ရာအတွင်းတွင် မကြုံစဖူးသော အပြောင်းလဲကြီးနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရန် ခွန်အားမလုံလောက်ကြောင်း၊ မိမိတို့အနေဖြင့် တံခါးဖွင့်ရေးဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး တံခါးဖွင့်ရေးဖြင့် ပူးပေါင်းဆောင်ရွက်ရေးအင်အားကို စုစည်းကာ တံခါးဖွင့်ရေးဖြင့် တီထွင်ဆန်းသစ်ရေး အရှိန်အဟုန်ကို ထိန်းသိမ်း၍ တံခါးဖွင့်ရေးဖြင့် မျှဝေခံစားရေး အကျိုးရလဒ်ကို ရှာကြံလိုကြောင်း၊ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးပြီး နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးအင်အားကို အားသစ်လောင်းပေး၍ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးရလဒ်ကို နိုင်ငံအသီးသီးမှ ပြည်သူများအား ပိုမိုများပြားစွာ၊ ပိုမိုတရားမျှတစွာ ခံစားစေလိုကြောင်း အလေးထားပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား တရုတ်ဈေးကွက်ကြီးအခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား စနစ်ပုံစံတံခါးဖွင့်ရေး အခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးတို့နှင့်အတူ စစ်မှန်သော နိုင်ငံစုံဝါဒကို လက်တွေ့ ဖော်ဆောင်ပြီး ပိုမိုများပြားသော တံခါးဖွင့်ရေးဆိုင်ရာသဘောတူညီမှုများ စုစည်းကာ တစ်ကမ္ဘာလုံးစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာတွင် ရင်ဆိုင်နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှား၍ တံခါးဖွင့်ရေးဖြင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုတောက်ပသောအနာဂတ်ကို ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့ပါသည်။