လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ ပညာရှင်များသည် လန်ချန်း-မဲခေါင် ဒေသတွင်း ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တိုးတက်စေမှုများကို ဆွေးနွေး

lmcchina.org, November 4, 2022
Size:

မကြာခင်က လန်ချန်း-မဲခေါင် ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တိုးတက်စေရေးဖိုရမ်ကို ကူမင်းမြို့တွင် အွန်လိုင်းနှင့် အွန်လိုင်းမဟုတ်သောပုံစံဖြင့် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံစီမံကိန်း၊ ကြီကြပ်ရေးနှင့် လေ့လာရေးဌာနမှ တာဝန်ရှိသူ ဗိုလ်ရှိန်ခန့်၊ တစ်ကိုယ်တော် လေ့လာသူ၊ “The Belt and Road  Global Research Network” မှ အဖွဲ့ဝင်လည်း ဖြစ်သူ ခင်မောင်မောင်စိုးအပါအဝင် လန်ချန်း-မဲခေါင်ဒေသက နိုင်ငံ ၆ နိုင်ငံမှ ပညာရှင်များသည် ခေါင်းစဉ်အရပ်ရပ်ကို ဆွေးနွေးခဲ့သည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် ဒေသတွင်း အရေးကြီးသော စီးပွားရေးတိုးတက်ရန် တွန်းအားပေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံအသီးသီးသည် မူဝါဒဖလှယ်ရေး၊ လယ်ထွက်ပစ္စည်း အချောကိုင်ထုတ်လုပ်ခြင်းဖြင့် တန်ဖိုးမြှင့်တင်ရေး၊ လုပ်သားများကို နည်းပညာသင်ပေးရေး၊ စားသောက်ကုန်ပစ္စည်းများ အာဟာရပြည့်ဝရေးနှင့် လုံခြုံရေး စသော လုပ်ငန်းများတွင် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဖိုရမ်ပါဝင်သူများသည် အဆိုပြုကြသည်။ လွန်းခဲ့သောနှစ်များတွင် တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ဒေသ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွင် အရေးကြီးသော အခန်းတွင် ပါဝင်ခဲ့သည်။ လာမည့်အနာဂတ်တွင် လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် လယ်ထွက်ပစ္စည်း ရောင်းဝယ်ရေး လွယ်ကူစေခြင်း၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေခြင်း၊ သယ်ယူပို့ဆောင်ရေးကွန်ယက် တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးသင့်သည့်အပြင် ဒီဂျီတယ် ပလက်ဖောင်းများကိုလည်း ကောင်းမွန်စွာ အသုံးပြုသင့်သည်။

အနာဂတ်တွင် ပူးပေါင်းမှုနှင့် ဖလှယ်မှုစနစ်သစ်များကို ဆက်လက်ဖန်တီးခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုပုံစံအသစ်ကို ရှာဖွေခြင်း၊ လုပ်ငန်းအတွေ့အကြုံများကို မျှဝေခြင်း၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သည့်အပြင် လန်ချန်း-မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး ဒေသတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက်လည်း တွန်းအားပေးရမည် ဖြစ်ကြောင်း အထက်ပါဖိုရမ်ပါဝင်သူများသည် သဘောတူကြသည်။