တရုတ်-လာအို မီးရထားကုန်စည်ပို့ဆောင်ရေးဘူတာရုံများအားလုံး ဖွင့်လှစ်

CRI, November 3, 2022
Size:

လာအိုနိုင်ငံ မြောက်ပိုင်းဒေသရှိ မီးရထားဘူတာရုံ MuongSai တွင် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းစတင်ပြီး ယင်းသို့ဖြင့် တရုတ်-လာအိုမီးရထား ကုန်စည်ပို့ဆောင်ရေး ဘူတာရုံများအားလုံး ဖွင့်လှစ်နေပြီဖြစ်ကာ လာမည့်နှစ်တွင် ကုန်စည်ပို့ဆောင်ရေးပမာဏ တိုးများလာရန် ခိုင်မာသောအခြေခံအုတ်မြစ် ချပေးသည်။

တရုတ်-လာအိုမီးရထားဘူတာရုံ MuongSai တွင် ကွန်တိန်နာပို့ဆောင်ခြင်းကို အဓိကထား လုပ်ဆောင်ပြီး စတင်ဖွင့်လှစ်ပြီးနောက် ကနဦးပိုင်းတွင် လယ်ယာထွက်ပစ္စည်းများ၊ အစားထိုးစိုက်ပျိုးရေး ကုန်စည်များကို အဓိကထားပို့ဆောင်ပြီး သတ္တုရိုင်းများလည်း ပါဝင်ပို့ဆောင်ပေးသည်။

တရုတ်-လာအိုမီးရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က အပြည့်အဝ လည်ပတ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ တရုတ်-လာအိုမီးရထားလမ်း လာအိုပိုင်းတွင် ကုန်စည် တန်ချိန် ၁.၇၁၈၃ သန်းသယ်ယူပို့ဆောင်ပြီး ကုန်စည်ပို့ဆောင်မှု ပမာဏ လစဉ် ပျမ်းမျှ တိုးနှုန်းမှာ ၁၇.၀၉ ရာခိုင်နှုန်းရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။