တရုတ်-မြန်မာ ရထားလမ်း ကုန်စည်ပို့ဆောင်ရေးကွန်ရက် တည်ဖောက်မှုကို ခြေလှမ်းမှန်မှန်ဖြင့် ရှေ့သို့ တွန်းတင်နေကြောင်း ဂျပန်သတင်းစာတွင် ထည့်သွင်းဖော်ပြ

lmcchina.org, November 3, 2022
Size:

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်သည့် မီးရထားလမ်းကွန်ရက် တည်ဆောက်မှုကို ခြေလှမ်းမှန်မှန်ဖြင့် ရှေ့သို့ တွန်းတင်နေကြောင်း ဂျပန်စီးပွားရေးသတင်းစာတွင် ပြီးခဲ့သည့်ရက်ပိုင်းက ရေးသားဖော်ပြသည်။ တရုတ်ဘက်တွင် နယ်စပ်အနီး လမ်းကြောင်းသစ်များ တစ်စိတ်တစ်ပိုင်း ပေါက်ထားပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု စမ်းသပ်မှုများကို ရှေ့ဆင့်နောက်ဆက် လုပ်ဆောင်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” စီးပွားရေးအဝိုင်း၏အချက်အချာနေရာတွင် တည်ရှိပြီး တရုတ်စီးပွားရေးလုပ်ငန်းများသည် ယခုနှစ်များအတွင်း ဤနေရာတွင် ကြီးထွားလာခဲ့သည်။

ဇွန်လပထမဆယ်ရက်ပိုင်းတွင် လျှပ်စစ်ပစ္စည်းကိရိယာများ၊ မော်တော်ယာဥ်အစိတ်အပိုင်းများ စသည့် ကုန်ပစ္စည်းများ TEU ၆၀ တင်ဆောင်ထားသည့် ကုန်တင်ရထားတစ်စီးသည် တရုတ်နိုင်ငံချုံချင့်မှ မြန်မာနိုင်ငံ မန္တလေးမီးရထားဘူတာရုံသို့ ရောက်ရှိလာခဲ့သည်။ သယ်ယူပို့ဆောင်ရေးကာလအတွင်း ကုန်စည်များကို ယူနန်ပြည်နယ် လင်ဆန်းမြို့တွင် ကုန်တင်ကားများ လွှဲပြောင်းပေးခဲ့ပြီး  ကုန်းလမ်းမှ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်သို့ ရောက်ရှိရာ မန္တလေးသို့ နောက်ဆုံး‌ရောက်ရှိသည့် ကုန်စည်ပို့ဆောင်ချိန်ကို ၁၅ ရက်ခန့်အထိ တိုတောင်းစေခဲ့သည်။

ဤကုန်း-ရထား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို "တရုတ်-မြန်မာလမ်းကြောင်းသစ်" ဟု ခေါ်သည်။ အဆိုပါလမ်းကြောင်းသစ်သည် ကုန်းတွင်းပိုင်းမှ တရုတ်ပြည်တွင်းမှ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ အဆင်ပြေဆုံး နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးလမ်းကြောင်း ဖြစ်ကြောင်း တရုတ်မီဒီယာများ၏ဖော်ပြချက်များကို ကိုးကားဖော်ပြသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင်၊ တလီနှင့် လင်ဆန်းကို ဆက်သွယ်ထားသော မီးရထားလိုင်းကို စတင်လည်ပတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စင်ကာပူမှ မြန်မာရန်ကုန်သို့ ထွက်ခွာလာသော ကုန်တင်သင်္ဘောတစ်စင်းသည် ပင်လယ်-ကုန်း-ရထားဖြင့် ပေါင်းစပ်သယ်ယူပို့ဆောင်ရေးစမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ ရန်ကုန်မှ လင်ဆန်းအပိုင်းတွင် ကုန်းလမ်းဖြင့် ပို့ဆောင်ခဲ့ပြီး လင်ဆန်းမှ ချိန်တူအပိုင်းတွင် ရထားဖြင့် လွှဲပြောင်းပို့ဆောင်ခဲ့သည်။

တရုတ် CREC သည် အခြေခံအဆောက်အအုံဆိုင်ရာတာဝန်များကို ဆောင်ရွက်ရာတွင် အဓိက အင်အားစု ဖြစ်သည်ဟု ဂျပန်သတင်းစာတွင် ဖော်ပြသည်။ ယင်းကုမ္ပဏီ တာဝန်ယူဖောက်လုပ်သော တလီ-ရွှေလီရထားလမ်းသည် တရုတ်-မြန်မာ ကုန်းလမ်းကုန်သွယ်ရေးဆိပ်ကမ်း ဖြစ်သည့် ရွှေလီမြို့သို့ တိုက်ရိုက်ရောက်ရှိသည်။ ဤရထားလိုင်းသည် တလီနှင့် ရွှေလီသို့ ဆက်သွယ်ထားပြီး  ကီလိုမီတာ ရှည်လျားသည်။ ယင်းရထားလမ်း၏အစိတ်အပိုင်း ဖြစ်သည့် တလီမှ ပေါင်ရှန်းသို့ အပိုင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လက လမ်းပေါက်သည်။

မြန်မာနိုင်ငံဘက်တွင် တရုတ်ဦးဆောင်သော အင်ဂျင်နီယာစီမံကိန်းများကလည်း တိုးတက်လျက်ရှိပါသည်။ ရွှေလီနှင့် ဆက်စပ်သော မြန်မာနိုင်ငံ မူဆယ်နှင့် မန္တလေးကြား ရထားလမ်းကို ဖောက်လုပ်နေပြီး မြန်မာနိုင်ငံ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းရှိ ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းအထိ တိုးချဲ့ရန် စီစဉ်ထားသည်။

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး ကွင်းဆင်းသုတေသနပြုရန် တရုတ်နှင့် မြန်မာတို့ ၂၀၁၈ ခုနှစ်တွင် သဘောတူညီခဲ့ကြသည်။ အဆိုပါလမ်းကြောင်းတစ်ကြောင်းလုံးတွင် တံတား ၁၂၄ ခုနှင့် ဥမင်လိုဏ်ခေါင်း အခု ၆၀ တည်ဆောက်ရန် စီစဉ်ထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံခန့် ရှိသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖော်ဆောင်နိုင်ခြေ လေ့လာရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ကျောက်ဖြူကို အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပြီး အကြီးစားဆိပ်ကမ်းနှင့် စက်မှုဇုန်များကို ကြီးမားစွာဆောက်လုပ်ရန် အစီအစဉ် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆိပ်ကမ်းတည်ဆောက်မှု မစတင်မီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကဲဖြတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လနှောင်းပိုင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည် လူထုအကြံဥာဏ်တောင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးအေဂျင်စီ၏အဆိုအရ အကဲဖြတ်မှုလုပ်ငန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရန် မျှော်လင့်ရသည်။

အကဲဖြတ်မှု အောင်မြင်ပြီးသည်နှင့် မြန်မာနိုင်ငံသို့ ဖြတ်သွားမည့်၊ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာတို့သို့ ဆက်သွယ်ပေးမည့် သွေးလွှတ်ကြောရထားလမ်းသည် တစ်ဆက်တည်း ရှိလာမည် ဖြစ်ရာ ”ရပ်ဝန်းနှင့်ပိုးလမ်း”၏အချက်အချာနေရာအနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ယင်းသည် တရုတ်နိုင်ငံသို့ ၎င်း၏ လယ်ယာထွက်ကုန်များ တင်ပို့မှု တိုးမြင့်လာစေရုံသာမက နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေး အခြေစိုက်နေရာတစ်ခုအနေဖြင့် ဝင်ငွေရင်းမြစ်ကို ချဲ့ထွင်ရန်လည်း မျှော်လင့်ပါသည်။