ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင်နှင့် တွေ့ဆုံဆွေးနွေး

CRI, November 1, 2022
Size:

အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီးတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က အဆွေတော်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးနောက် မိမိ တွေ့ဆုံသည့် ပထမဆုံး နိုင်ငံခြားခေါင်းဆောင်ဖြစ်သကဲ့သို့ ယခုအကြိမ်ခရီးစဉ်မှာ အဆွေတော်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ (၁၃) ကြိမ်မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သဖြင့် မိမိတို့မှ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံနှင့် ပါတီနှစ်ခုအကြား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် အလွန်အလေးထားခြင်းကို ပြဆိုနိုင်ကြောင်း၊ လက်ရှိ တရုတ်-ဗီယက်နမ် ကိုယ်စီဆိုရှယ်လစ်လုပ်ငန်းနှင့် နှစ်ပါတီ၊ နှစ်နိုင်ငံအကြား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းသစ်၊ စိန်ခေါ်မှုသစ်နှင့် ရင်ဆိုင်နေရကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့်အတူ တရုတ်-ဗီယက်နမ်နှစ်နိုင်ငံ ဆိုရှယ်လစ်ဝါဒ တည်ဆောက်ရေး၊ နှစ်ပါတီ၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

ငုယင်ဖူထျောင်က မိမိအနေဖြင့် အဆွေတော်အပေါ် ကတိခံဝန်ချက်ကို အတည်ဖြစ်စေကြောင်း၊ ၎င်းမှာ မိမိက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခြင်းခံရပြီးနောက် တရုတ်နိုင်ငံသည် မိမိ ပထမဆုံးသွားရောက်လည်ပတ်မည့်နိုင်ငံ ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ နိုင်ငံနှင့် ပြည်သူများကိုယ်စား တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပခြင်းအတွက် ဂုဏ်ပြုထောမနာပြုသည်ဟု ထပ်မံဖော်ပြလိုကြောင်း၊ ၎င်းမှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံနှင့် ပြည်သူများမှ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက်ဝိသေသပါရှိသောဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ်ထားပြီး တစ်ပါတီလုံး၊ ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ကာ မွန်မြတ်သောပြုပြင်ပြောင်းလဲမှုတွင် ကြီးမားသောစွမ်းဆောင်မှုရရှိကာ ဦးဆောင်မှု အခန်းကဏ္ဍ အကောင်အထည်ဖော်ခြင်းကို ပြဆိုနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။