လီခေ့ချန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ အစိုးရထိပ်သီး ခေါင်းဆောင် (ဝန်ကြီးချုပ်များ) ကောင်စီ ၂၁ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူးကျင်းပမည်

CRI, November 1, 2022
Size:

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ အစိုးရထိပ်သီးခေါင်းဆောင် (ဝန်ကြီးချုပ်များ) ကောင်စီ၏ ၂၁ ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗီဒီယိုပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ပီကင်းမြို့တွင် ယင်းအစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူနိုင်ငံများမှ အစိုးရထိပ်သီးခေါင်းဆောင်နှင့် ကိုယ်စားလှယ်များ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမြဲတမ်းအဖွဲ့အစည်းများ၊ စက်မှုကုန်သွယ်ရေးလုပ်ငန်းကော်မတီ၊ ဘဏ်လုပ်ငန်းစုများမှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအာရှပစိဖိတ် စီးပွားရေးလူမှုရေးကော်မရှင်(ESCAP)စသည့် နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် ဖိတ်ကြားချက်အရ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပါသည်။