ပေးဘုဝမ်းဆိပ်ကမ်း- မြန်မာကြား တိုက်ရိုက် ရေလမ်းကြောင်းကို အောင်မြင်စွာ ဖွင့်လှစ်

CRI, October 29, 2022
Size:

အောက်တိုဘာလ ၂၈ ရက်နေ့တွင် "SITC Venus" သင်္ဘောသည် တရုတ်နိုင်ငံ ပေဘုဝမ်း ပင်လယ်ကွေ့ ချင်းကျိုးဆိပ်ကမ်းသို့ ရောက်ရှိခြင်းသည် ပေးဘုဝမ်း- မြန်မာကြား တိုက်ရိုက် ရေလမ်းကြောင်း အောင်မြင်စွာ ဖွင့်လှစ်ခြင်းကို ပြဆိုထားဖြစ်ပါသည်။ လမ်းကြောင်းသစ်မှတစ်ဆင့် ပို့ကုန်များသည် ချင်းကျိုးဆိပ်ကမ်းမှ ထွက်ခွာပြီး ၁၂ ရက်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိနိုင်၍ ယခင်က ရိုးရာလမ်းကြောင်းထက် အချိန် ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းလာပါသည်။

လမ်းကြောင်းသစ် ဖွင့်လှစ်ခြင်းသည် ပေးဘုဝမ်းဆိပ်ကမ်း- RCEP ဒေသကြားရှိ နိုင်ငံတကာလမ်းကြောင်းကွန်ရက်ကို ပိုမိုများပြားလာစေပြီး ယင်းဒေသ၏ကုန်စည်များအတွက် ပိုမိုများပြားသော၊ ပိုမိုအဆင်ပြေသော ပို့ကုန်လမ်းကြောင်းများကို ပံ့ပိုးပေးကာ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကုန်ကျစရိတ်များကို များစွာ လျှော့ချစေပါသည်။