စီချွမ်းပြည်နယ်၏ ပထမဆုံး တရုတ်-လာအိုလမ်းကြောင်းကနေတစ်ဆင့် တရုတ်ယွမ်ငွေနှင့် စာရင်းရှင်းသောနယ်စပ်ဖြတ်ကျော်ရထား ထွက်ခွာ

CRI, October 29, 2022
Size:

အောက်တိုဘာလ ၂၉ ရက်နေ့ မိုးလင်းပိုင်းက တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ယာအန်းမြို့ ထုတ်လုပ်သော sepiolite ကို သယ်ဆောင်ထားသော နိုင်ငံတကာ ကုန်သွယ်ရေး ရထားတစ်စီးသည် ချန်တူးမြို့မှ ထွက်ခွာခဲ့ပြီး အမြန်ဆုံး ၇၂ နာရီအတွင်း လာအိုနိုင်ငံ Luang Prabang သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ယင်းသည် စီချွမ်းပြည်နယ်၌ ပထမဆုံးအကြိမ်အဖြစ် တရုတ်-လာအိုလမ်းကြောင်းကနေတစ်ဆင့်  တရုတ်ယွမ်ငွေနှင့် စာရင်းရှင်းသော နိုင်ငံတကာ ကုန်သွယ်ရေး ရထားကို အသုံးပြုခြင်းဖြစ်သည်ဟုသိရသည်။