“ကျွန်တော်က တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ပြည်သူပြည်သားတွေအတွက် အရည်အသွေးမြင့် ဆန်စပါးမျိုးကွဲများကို ရွေးချယ်ပျိုးထောင်တယ်”

Yunnan Gateway, October 27, 2022
Size:

တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လယ်ယာစိုက်ပျိုးရေး သုတေသနအကယ်ဒမီမှ တုန်းပေါင်ကျူက အငြိမ်းစားယူပြီးနောက် မိမိနေအိမ်၏ တိုက်ခေါင်မိုးကို “စမ်းသပ်ကွင်း” အဖြစ် ပြောင်းလဲကာ သူ၏ဆန်စပါးအိပ်မက်ကို ဆက်လက်ဖော်ဆောင်လျက်ရှိပါသည်။

ဆန်စပါးသုတေသနကျွမ်းကျင်သူတစ်ဦးအနေဖြင့် တုန်းပေါင်ကျူသည် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းကတည်းက တရုတ်-မြန်မာနယ်စပ်တွင် အမြစ်တွယ်လာပြီး အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့ပါသည်။ အရည်အသွေးမြင့် ဆန်စပါးမျိုးကွဲများကို ရွေးချယ်ပျိုးထောင်ကာ ပြည်သူပြည်သားများအတွက် ရိက္ခာ၏အရသာကို ကောင်းမွန်အောင် မြှင့်တင်ပေးရန် ရည်ရွယ်ထားပါသည်။

"အရသာအရမ်းကောင်းတဲ့ ဒေသထွက်ဆန်တစ်မျိုးရှိတယ်၊ ဒါပေမယ့် အထွက်နှုန်းက မမြင့်တော့ဘူး။ ပြည်သူပြည်သားတွေကလည်း စားခဲပါတယ်။" ဤတွေ့ရှိချက်သည် တုန်းပေါင်ကျူအား အလွန်စိတ်လှုပ်ရှားစေခဲ့ပါသည်။ သို့သော်လည်း တစိုက်မတ်မတ် သုတေသနပြုလုပ်ရာတွင် အခက်အခဲများစွာ ဖြတ်ကျော်လျက်ရှိသည်ကို သူက တွေ့ရှိခဲ့ရပါသည်။ နေ့ခင်းဘက်တွင် တုန်းပေါင်ကျူသည် လယ်သမားများနှင့်အတူ လယ်ထွန်ပြီး စပါးပျိုးပင်များကို အတူတကွ စိုက်ပျိုးခဲ့ကြသည်။ အခြားသူများ အနားယူသောအခါတွင် သူက ဆန်စပါးကြီးထွားမှုကို အထပ်ထပ်အခါခါ ကြည့်ရှုလေ့ရှိပါသည်။ ညတွင် မည်မျှပင် နောက်ကျစေကာမူ ထိုနေ့က ဆန်စပါးကြီးထွားမှု အချက်အလက်များကို ခွဲထုတ် စုဆောင်းခဲ့ပါသည်။

ဆယ်နှစ်ကျော် သုတေသနပြုပြီးနောက် ၂၀၀၃ ခုနှစ်တွင် တုန်းပေါင်ကျူမှ ဦးဆောင်သောအဖွဲ့သည် နောက်ဆုံးတွင် ပထမမျိုးဆက် "Deyou" ဆန်ပျော့ကို ရွေးချယ်ပျိုးထောင်ခဲ့သည်။ ဒေသတွင်း စမ်းသပ်စိုက်ပျိုးရေးမြေတွင် တရုတ်မူ ၁ မူ (တရုတ်မူ ၁ မူသည် ၆၆၆.၆၇ စတုရန်းမီတာ ရှိပါသည်) လျှင် ပျမ်းမျှအထွက်နှုန်းမှာ ၆၅၇.၈ ကီလိုဂရမ်ရှိပြီး အရသာမှာလည်း ပိုမိုကောင်းမွန်လာပါသည်။ မကြာခင်တွင် "Deyou" ဆန်ပျော့မှာ အရည်အသွေးမြင့်ဆန်ပျော့ကို ကိုယ်စားပြုခဲ့ပါသည်။ စိုက်ပျိုးရေးဧရိယာမှာ တရုတ်နိုင်ငံ ပေါင်စန်မြို့၊ မြန်မာနိုင်ငံ စသည့်ဒေသများသို့ လျင်မြန်စွာ တိုးချဲ့လာခဲ့ပါသည်။

“အိမ်စဆောက်တုန်းက 'တိုက်ခေါင်မိုးပေါ်မှာ ကျွန်တော်က ဆန်စပါး မစိုက်နိုင်ရင် အိမ်ဆောက်မှာမဟုတ်ဘူး' လို့ ကျွန်တော့်ဇနီးနဲ့ ပြောခဲ့တယ်" ဟု တုန်းပေါင်ကျူက ပြုံးပြုံးလေးပြောသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)