ဤနိုင်ငံခြားငွေစက္ကူပေါ်ရှိ အဆောက်အအုံများအားလုံးသည် တရုတ်နိုင်ငံမှ တာဝန်ခံတည်ဆောက်ထားခြင်းဖြစ်သည်

Yunnan Gateway, October 26, 2022
Size:

ယခုနှစ်ပိုင်းကာလတွင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာနှင့် အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ဆည်မြောင်းတာတမံလုပ်ငန်းစသည့်နယ်ပယ်တို့တွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ၎င်းစီမံကိန်းများအနက် အချို့သည် ထိုနိုင်ငံ၏ ငွေစက္ကူပေါ် ပုံနှိပ်ခဲ့ပါသည်။

ပုံ-- ပါကစ္စတန်နိုင်ငံ၏ တန်ဖိုး ၅ ရူပီငွေစက္ကူပေါ်ရှိ Gwadar ဆိပ်ကမ်းကို တွေ့ရစဥ်။
Gwadar ဆိပ်ကမ်းသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံစီမံကိန်းများအနက် မဏ္ဍိုင်စီမံကိန်းတစ်ခု ဖြစ်သည်။

ပုံ-- သီရိလင်္ကာနိုင်ငံ၏ တန်ဖိုး ၁၀၀ ရူပီငွေစက္ကူပေါ်ရှိ Puttalam လျှပ်စစ်ဓာတ်အားပေးစခန်းကို တွေ့ရစဥ်။

Puttalam လျှပ်စစ်ဓာတ်အားပေးစခန်းသည် သီရိလင်္ကာနိုင်ငံရှိ ပထမဆုံး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစခန်းဖြစ်ပြီး သီရိလင်္ကာနိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသများတွင် တည်ရှိသည်။ တရုတ်နိုင်ငံ၏ချေးငွေဖြင့် ဆောင်ရွက်ခဲ့သကဲ့သို့ တရုတ်ဘက်မှ အဖွဲ့ဖွဲ့စည်းပြီး တည်ဆောက်ခြင်းလည်းဖြစ်သည်။ အဆောက်အအုံ၏ မဏ္ဍိုင်အစိတ်အပိုင်းသည် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပုံ-- ထိုင်းနိုင်ငံ၏ တန်ဖိုး ၂၀ ထိုင်းဘတ်ငွေစက္ကူပေါ်ရှိ Rama VIII တံတားကို တွေ့ရစဥ်။

Rama VIII တံတားသည် ထိုင်းနိုင်ငံမြို့တော် ဗန်ကောက်မြို့တွင် တည်ရှိပြီး Chao Phraya မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည်။ ၁၉၉၈ ခုနှစ် စက်တင်ဘာလတွင် China State Construction Engineering Group Co., Ltd.(CSCEC)သည် ဗန်ကောက်မြို့အစိုးရနှင့် သက်ဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုပြီး ၎င်းပရောဂျက်ကို တာဝန်ခံတည်ဆောက်ခဲ့သည်။

ပုံ--လာအိုနိုင်ငံ၏ တန်ဖိုး ၂ သန်း ကစ်ပ်ငွေစက္ကူပေါ်ရှိ Man Luek ရေအားလျှပ်စစ်စခန်းကို တွေ့ရစဥ်။

Man Luek ရေအားလျှပ်စစ်စခန်းသည် တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှု၏ စံပြစီမံကိန်း ဖြစ်သည်။

ပုံ-- အယ်လ်ဂျီးရီးယားနိုင်ငံ၏ တန်ဖိုး ၁၀၀၀ Denarius ငွေစက္ကူပေါ်ရှိ Algiers ဗလီကြီး (Great Mosque of Algiers)ကို တွေ့ရစဥ်။

Algiers ဗလီကြီး (Great Mosque of Algiers) သည် အယ်လ်ဂျီးရီးယားနိုင်ငံမြို့တော် Algiers မြို့တွင် တည်ရှိပြီး China State Construction Engineering Corporation မှ တာဝန်ခံကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခြင်းဖြစ်သည်။

ပုံ-- အယ်လ်ဂျီးရီးယားနိုင်ငံ၏ တန်ဖိုး ၅၀၀ Denarius ငွေစက္ကူပေါ်ရှိ အယ်လ်ဂျီးရီးယားနိုင်ငံ၏ နံပါတ်တစ် ဆက်သွယ်ရေးဂြိုလ်တုကို တွေ့ရစဥ်။

အယ်လ်ဂျီးရီးယားနိုင်ငံ၏ နံပါတ်တစ် ဆက်သွယ်ရေးဂြိုလ်တုသည် တရုတ်နှင့် Algeria နှစ်နိုင်ငံအကြား အာကာသနယ်ပယ်တွင် ပထမဆုံးသော ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြစ်ပြီး အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံးသော ဆက်သွယ်ရေးဂြိုလ်တုလည်းဖြစ်သည်။ အယ်လ်ဂျီးရီးယားနိုင်ငံ ရေဒီယိုအသံလွှင့်နှင့်ရုပ်မြင်သံကြား၊ အရေးပေါ်ဆက်သွယ်ရေး၊ အဝေးမှပညာပေးခြင်း၊ အီး-အစိုးရအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း (E-Government)၊ ကုမ္ပဏီလုပ်ငန်းများ၏ဆက်သွယ်ရေး၊ broadband ချိတ်ဆက်ခြင်းနှင့် Satellite-Based Augmentation စသည့်နယ်ပယ်တွင် အဓိကအသုံးပြုလျက်ရှိသည်။

မော်လဝီနိုင်ငံ၏ တန်ဖိုး ၂၀၀ kwacha ငွေစက္ကူပေါ် ရှိ လွတ်တော်အဆောက်အအုံကြီးကို တွေ့ရစဥ်။
မော်လဝီနိုင်ငံရှိ လွတ်တော်အဆောက်အအုံကြီးသည် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့ကာ ၂၀၁၀ ခုနှစ် မေလတွင် တည်ဆောက်ပြီးစီးခြင်းအခမ်းအနား ကျင်းပခဲ့ပါသည်။

ပုံ-- မော်လဝီနိုင်ငံ၏ တန်ဖိုး ၂၀၀၀ kwacha ငွေစက္ကူပေါ်ရှိ မော်လဝီသိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဖြစ်သည်။

မော်လဝီသိပ္ပံနှင့်နည်းပညာတက္ကသိုလ်သည် တရုတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ဆောက်ခြင်း ဖြစ်သည်။

ဆူဒန်နိုင်ငံ၏ တန်ဖိုး ၁၀၀ ဆူဒန်ပေါင် ငွေစက္ကူပေါ်ရှိ Merowe ရေကာတာ၊ အထက်ပိုင်း Atbara ဆည်မြောင်းတာတမံနှင့် Roseires ရေကာတာတို့ကို တွေ့ရစဥ်။
ဆူဒန်နိုင်ငံရှိ Merowe ရေကာတာနှင့် Roseires ရေကာတာတို့သည် တရုတ်နိုင်ငံ Three Gorges Corporation လက်အောက်ရှိ တရုတ်နိုင်ငံခြားဆည်မြောင်းတာတမံလုပ်ငန်းနှင့် ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်မှ ဦးစီးတည်ဆောက်ခြင်းဖြစ်သည်။ အထက်ပိုင်း Atbara ဆည်မြောင်းတာတမံကို တရုတ်နိုင်ငံ Three Gorges Corporation နှင့် တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ တို့ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ပုံ--ကွန်ဂိုနိုင်ငံ၏ တန်ဖိုး ၅၀၀ ကွန်ဂိုဖရန့် ငွေစက္ကူပေါ် ရှိ Jinsuka တံတားကြီးကို တွေ့ရစဥ်။

Jinsuka တံတားကြီးသည် တရုတ်ကုမ္ပဏီမှ တာဝန်ခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပုံ-- ကာတာနိုင်ငံ၏ တန်ဖိုး ၁၀ Riyal ငွေစက္ကူပေါ် ရှိ Lusail အားကစားကွင်းကို တွေ့ရစဥ်။
Lusail အားကစားကွင်းသည် ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလား၏ အဓိကအားကစားကွင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် Overseas China Railway Construction အပြည်ပြည်ဆိုင်ရာ အုပ်စုကုမ္ပဏီလီမိတက်သည် ၎င်းအားကစားကွင်း တည်ဆောက်ခြင်းစီမံကိန်းကို လေလံအောင်ခဲ့သည်။

ပုံ-- ကူဝိတ်နိုင်ငံ၏ တန်ဖိုး ၅ Dinar ငွေစက္ကူပေါ်ရှိ ဗဟိုဘဏ်ရုံးချုပ်အဆောက်အအုံကို တွေ့ရစဥ်။

ပုံ-- တာဂျစ်စတန်နိုင်ငံ၏ တန်ဖိုး ၂၀၀ Dinar ငွေစက္ကူပေါ်ရှိ တာဂျစ်စတန်နိုင်ငံ နိုင်ငံတော်စာကြည့်တိုက်ကို တွေ့ရစဥ်။

တာဂျစ်စတန်နိုင်ငံ နိုင်ငံတော်စာကြည့်တိုက်သည် တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ခံတည်ဆောက်ခြင်း ဖြစ်သည်။

(သတင်းရင်းမြစ်-ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)