၁၂၂ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်စစ်ဆေးရေးကို စတင်ဆောင်ရွက်

CRI, October 26, 2022
Size:

အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ၁၂၂ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်စစ်ဆေးရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် ယခုအကြိမ် ကင်းလှည့်စစ်ဆေးရေးဆောင်ရွက်မှုတွင် ပါဝင်သည့် တရုတ်သင်္ဘော ၂ စင်းသည် ရှစ်ဆောင်ပနားမြို့ တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲရှိ ကျင်ဟာ ဆိပ်ကမ်းမှ ထွက်ခွာပြီး သတ်မှတ်ထားသောနေရာတွင် လာအိုနှင့် မြန်မာ သင်္ဘောတို့နှင့် ဖွဲ့စည်းကာ ကင်းလှည့်ရေးတာဝန်ကို စတင်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် ကင်းလှည့်စစ်ဆေးရေးဆောင်ရွက်မှုတွင် စစ်ဆေးရေးသင်္ဘော ၄ စင်းကို စေလွှတ်ကာ စုစုပေါင်း ရေကြောင်းခရီး ကီလိုမီတာ ၆၀၀ ကျော် ရှိမည်ဖြစ်ပြီး ၄ ရက် ၃ ည ကြာမည်ဟု ခန့်မှန်းထားကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။