ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်သည် တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်မည်

CRI, October 25, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်၏ဖိတ်ကြားချက်အရ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်သည် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် လာရောက်ခရီးလှည့်လည်မည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟူကျောက်မင်းက အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။