တတိယအကြိမ်မြောက် “ပိုးလမ်းမ ရိုက်ကူးရေး အလင်းနှင့်အရိပ်” နိုင်ငံတကာ မိုက်ခရိုဗီဒီယို တယ်ဟုန်ပြပွဲကို ပါဝင်ကြစို့

Yunnan Gateway, October 21, 2022
Size:

တတိယအကြိမ်မြောက် “ပိုးလမ်းမ ရိုက်ကူးရေး အလင်းနှင့်အရိပ်” နိုင်ငံတကာ မိုက်ခရိုဗီဒီယို တယ်ဟုန်ပြပွဲသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပကာ ကမ္ဘာအရပ်ရပ်မှ ဗီဒီယိုလက်ရာများကို ဖိတ်ခေါ်လျက်ရှိပါသည်။

ယခုအကြိမ်ပြပွဲစီမံခန့်ခွဲမှုကော်မတီသည် ဆုချီးမြှင့်ရွေးချယ်မှုတွင် "တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး" အထူးကဏ္ဍကို ထူထောင်ခဲ့ပြီး ဆုကြေးငွေ တရုတ်ယွမ် ၂၀၀၀၀ နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်မည့် “ပေါက်ဖော် မိုက်ခရိုဗီဒီယို ထူးချွန်ဆု" တစ်ဦးနှင့် ဆုကြေးငွေ တရုတ်ယွမ် ၅၀၀၀ နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်မည့် “ပေါက်ဖော် မိုက်ခရိုဗီဒီယို ဆုချီးမြှင့်ရေးကော်မတီ၏ Nomination ဆု" သုံးဦးအား ရွေးချယ်သွားမည်ဖြစ်သည်။

“ပိုးလမ်းမ ရိုက်ကူးရေး အလင်းနှင့်အရိပ်” နိုင်ငံတကာ မိုက်ခရိုဗီဒီယို တယ်ဟုန်ပြပွဲသည် ယခုအချိန်အထိ သုံးကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ယင်းပြပွဲသည် တယ်ဟုန်ပြည်နယ်ခွဲ၏ အရင်းအမြစ်နှင့် သဘာဝက ပေးစွမ်းသော ပထဝီတည်နေရာအားသာချက်တို့ ပေါင်းစပ်ကာ ပလက်ဖောင်းအသစ်ကို ပြည့်ဝစွာ အသုံးပြုခြင်းဖြင့် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများနှင့် ယဥ်ကျေးမှုဖလှယ်ရေးများ ပို၍ မြှင့်တင်ပေးပါသည်။ ယဥ်ကျေးမှုဖလှယ်ရေးဖြင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်သကဲ့သို့ပင် ယဥ်ကျေးမှုပေါင်းစပ်မှုဖြင့် တရုတ်အကြောင်းများ ဖော်ပြကာ ပိုးလမ်းမတစ်လျှောက် ချမ်းမြေ့သာယာသောဘဝများကို အတူမျှဝေကြမည်ဖြစ်သည်။

ပါဝင်ယှဥ်ပြိုင်ရန် ကျေးဇူးပြု၍ အောက်ပါ QR ကုဒ်ကို စကင်ဖတ်ပါ။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)