မြန်မာနိုင်ငံ ကျောက်ဖြူ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် အထောက်အကူဖြစ်

lmcchina.org, October 21, 2022
Size:

POWERCHINA မှ ရင်းနှီးမြှုပ်နှံတည်ဆောက်သော မြန်မာနိုင်ငံ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး Combined Cycle ဓာတ်အားပေးစက်ရုံ၏ ပထမဆုံး ဓာတ်ငွေ့တာဘိုင် စက်နှိုးခြင်း အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့ရာ ၎င်းစီမံကိန်း၏ တရားဝင်ဓာတ်အားထုတ်လုပ်မည့်အချိန် နီးကပ်လာပြီ ဖြစ်သည်။

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ဇေယျက ကျောက်ဖြူစီမံကိန်း၏ ရင်းနှီးမြှုပ်နှံတည်ဆောက်မှုက ဒေသတွင်း လျှပ်စစ်ဓာအားလိုအပ်ချက်ကို ဖြေလျော့စေနိုင်ခြင်း၊ ဒေသခံစီပွားရေးကို အားကောင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း မြင့်တင်ခြင်းများအတွက် အထူးအရေးကြီးကြောင်း ပြောကြားခဲ့သည်။ စီမံကိန်း စတင်တည်ဆောက်သည့်အချိန်မှစ၍ ပညာရေးကဏ္ဍ၊ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး စသည့် ကဏ္ဍများအတွက် လှူဒါန်းကူညီခြင်း ပရဟိတလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်ခဲ့ရာ လူမှုအသိုက်အဝန်းအသီးသီး၏ အသိအမှတ်ပြု ချီးကျူးမှုကို ရရှိခဲ့ကြောင်း၊ POWERCHINA မှ ရင်းနှီးမြှုပ်နှံတည်ဆောက်မှု တစ်သားတည်း ဖြစ်၍ ထုတ်လုပ်မှု ကွင်းဆက်ပြည့် အားသာချက်ကို ဆက်လက် ဆောင်ရွက်သွားပြီး မြန်မာ-တရုတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးဆောင်ရွက်သွားစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်ဟိုင်က ကျောက်ဖြူစီမံကိန်း ရင်းနှီးမြှုပ်နှံတည်ဆောက်မှုက တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရ၏ အထူးအလေးထားမှုကို ရရှိခဲ့သလို နှစ်နိုင်ငံ နှစ်ဦးနှစ်ဖက်အတွက် လက်တွေ့အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ စီမံကိန်းတည်ဆောက်မှုက နှစ်နိုင်ငံ “ရပ်ဝန်းနှင့် ပိုးလမ်းမ”၊ တရုတ်-မြန်မာ စီပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းသောတွန်းအား ဖြစ်စေပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်ခံရာနှင့် နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပို၍ လင်းလက်စေကြောင်း ပြောကြားခဲ့သည်။

ကျောက်ဖြူ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တည်ရှိသည်။ အဆိုပါစီမံကိန်း၏ စက်တပ်ဆင်စွမ်းအားမှာ ၁၃၅ မဂ္ဂါဝပ် ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက မဟာဓါတ်အားလိုင်းသို့ လျှပ်စစ်ပို့နိုင်မှုပမာဏသည် ကီလိုဝပ်နာရီ ၁ ဘီလီယံခန့် ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ မဟာဓါတ်အားလုံး လျှပ်စစ်စွမ်းအင်တည်ငြိမ်မှုအတွက် အထောက်အပံ့ ဖြစ်သလို ရခိုင်ဒေသ စွမ်းအင်လိုအပ်မှုအခက်အခဲကိုလည်း များစွာ လျှော့ချနိုင်မည် ဖြစ်ရာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တိုးတက်ရေးအတွက် ခိုင်မာသော လျှပ်စစ်ပံ့ပိုးမှု အခြေခံဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။