တရုတ်နိုင်ငံအစိုးရ၏အကူအညီဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ ရထားတွဲဆိုင်းများစီမံကိန်းသည် မန္တလေးမြို့တွင် စမ်းသပ်ပြေးဆွဲ

lmcchina.org, October 21, 2022
Size:

တရုတ်နိုင်ငံ စစ်ဆေးလက်ခံမှုဆိုင်ရာ နည်းပညာဝန်ဆောင်မှုပညာရှင်အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် တရုတ်နိုင်ငံ၏အကူအညီဖြင့် ဆောင်ရွက်သည့် ရထားတွဲ ၂၈ တွဲကို လမ်းကြောင်းပေါ်တွင် စမ်းသပ်ပြေးဆွဲခဲ့ပါသည်။ ယခုအကြိမ် စမ်းသပ်ပြေးဆွဲမှု အလွန်အောင်မြင်ကြောင်း၊ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုနှင့် တရုတ်ပညာရှင်များ၏ ဂရုတစိုက် လမ်းညွှန်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ရထားတွဲဆိုင်းအားလုံးကို အမြန်ဆုံး အသုံးပြု၍ ခရီးသည်များ၏ ရထားစီးနင်းမှုအတွေ့အကြုံများကို ပိုမိုကောင်းမွန်လာစေမည် ဖြစ်ကြောင်း၊ မန္တလေး-ရန်ကုန်အပိုင်း ရထားပြေးဆွဲမှုစွမ်းဆောင်ရည်ကို မြှင့်တင်၍ ဒေသနှစ်ခုချိတ်ဆက်ရေးနှင့် ရထားလမ်းကြောင်းတစ်လျှောက် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးရထားဌာနမှ ပြောကြားပါသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံမှ အတိုးမဲ့ချေးငွေ ရယူကာ ဝယ်ယူခဲ့သော ရထားတွဲများ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။ ၎င်းတွင် အထက်တန်း ၁၄ တွဲနှင့် ဒုတိယတန်း ၁၄ တွဲ ပါဝင်ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မီးရထားဌာနအား နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးလျက်ရှိပြီး ရထားတွဲများကို ကိုယ်တိုင်ထုတ်လုပ်ထိန်းသိမ်းနိုင်မည့် နည်းပညာပိုင်းဆိုင်ရာ လူတော်လူချွန်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။