ပထမကြိမ်မြောက် လန်ချန်း-မဲခေါင် တရုတ်ဘာသာစကား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပ

lmcchina.org, October 21, 2022
Size:


ပြီးခဲ့သည့်ရက်ပိုင်းက ပထမကြိမ်မြောက် လန်ချန်း-မဲခေါင် တရုတ်ဘာသာစကား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ ယင်းဖိုရမ်သည် ယူနန်ပြည်နယ် ပညာရေးဌာနမှ ကြီးမှူးဆောင်ရွက်သော ပဉ္စမအကြိမ်မြောက် တောင်အာရှ - အရှေ့တောင်အာရှ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ကူမင်းဖိုရမ် လှုပ်ရှားမှုများအနက် တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါဖိုရမ်ကို တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် လန်ချန်း-မဲခေါင်နိုင်ငံများရှိ တက္ကသိုလ်နှင့်ပညာရေးဌာန ၂၇ ခုမှ ကျွမ်းကျင်ပညာရှင်၊ ဆရာဆရာမ၊ ကျောင်းသူကျောင်းသား စုစုပေါင်း ၂၀၀ ကျော်က အွန်လိုင်းမှ ပါဝင်ခဲ့ကြသည်။

“ပွင့်လင်းစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် လန်ချန်း-မဲခေါင် တရုတ်ဘာသာစကား ပညာရေး အသိုက်အဝန်း တည်ဆောက်‌‌ရန် တွန်းအားပေးခြင်း” ဟူသောခေါင်းစဉ်ဖြင့် ကျင်းပသော ယင်းဖိုရမ်ကို လန်ချန်း-မဲခေါင် တရုတ်ဘာသာစကား ပညာရေးကဏ္ဍဆိုင်ရာ ကျောင်းအုပ်ကြီးများဖိုရမ်၊ လန်ချန်း-မဲခေါင် တရုတ်ဘာသာစကား ပညာရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်ဖိုရမ် ဟူ၍ ဖိုရမ်နှစ်ခု ခွဲကာ ကျင်းပခဲ့သည်။ ဖိုရမ်တွင် ခေတ်သစ် နိုင်ငံတကာ တရုတ်ဘာသာစကား ပညာရေးလုပ်ငန်း ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ တက္ကသိုလ်များနှင့် ပညာရေးဌာနများ၏ တရုတ်ဘာသာစကား ပညာရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ နိုင်ငံအသီးသီး တရုတ်ဘာသာစကား ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံ မျှဝေရေး၊ လန်ချန်း-မဲခေါင်နိုင်ငံများ တရုတ်ဘာသာစကား ပညာရေးအရည်အသွေးနှင့် သုတေသနအဆင့်အတန်း တစ်ဆင့်တိုးမြှင့်ရေးတို့ကို ဆွေးနွေးဖလှယ်ခဲ့ကြရာ သဘောတူညီချက်များ ရရှိခဲ့ကြသည်။

လန်ချန်း-မဲခေါင် တရုတ်ဘာသာစကား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပခြင်းသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းလာစေရန်နှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဖလှယ်ဆောင်ရွက်မှုများ မြှင့်တင်ရန် ဆန်းသစ်မှုတစ်ခု ဖြစ်သည်။ "အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေ"သည့် မူဝါဒကို အားထား၍ "ပွင့်လင်းစွာ အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်"သည့် စိတ်ဓာတ်ကို လက်ကိုင်ထားကာ အားသာချက်များကို အပြည့်အဝ ထုတ်ဖော်ပြီး အရင်းအမြစ်များ ပေါင်းစပ်ခြင်း၊ အပြန်အလှန် ယုံကြည်ခြင်းနှင့် သင်ယူလေ့လာခြင်းဖြင့် လန်ချန်း-မဲခေါင် တရုတ်ဘာသာစကား ပညာရေးအသိုင်းအဝိုင်း တည်ဆောက်ရေး အပြုသဘောဆောင်သောရလဒ်များ ရရှိရန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစံနမူနာအဖြစ် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း လန်ချန်း-မဲခေါင်နိုင်ငံများရှိ တက္ကသိုလ်နှင့် ပညာရေးဌာနများက ပြောကြားခဲ့ကြပါသည်။