လားရှိုး ကိုးကန့်ယဉ်ကျေးမှုစာပေသင်ကျောင်း ဥက္ကဌ - တရုတ်ကွန်မြူနစ်ပါတီဟာ မှန်ကန်တဲ့ ဦးတည်ချက်ကို ဆုပ်ကိုင်ထားပြီး ကြီးစိုးရေးဝါဒရဲ့ အကြိမ်ကြိမ်စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ချေမှုန်းနိုင်ခဲ့ပါတယ်

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် လားရှိုး ကိုးကန့်ယဉ်ကျေးမှုစာပေသင်ကျောင်း ဥက္ကဌ ဝေ့ခိုင်းကျီက China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“ပါတီတည်ထောင်ခဲ့တဲ့နှစ်တစ်ရာအတွင်း တရုတ်ကွန်မြူနစ်ပါတီက ပြည်သူများကို ဦးဆောင်ပြီး “တောင်ကြီးသုံးတောင်” ကို ဖယ်ရှားကာ ရပ်တည်နိုင်ခဲ့ပါတယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေး ဆောင်ရွက်ပြီး ကြွယ်ဝချမ်းသာလာခဲ့ပါတယ်၊ ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပြီး အင်အားတောင့်တင်းလာခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပပြီး ဆယ်နှစ်တာအတွင်းမှာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် အမှူးပြုတဲ့ ပါတီဗဟိုကော်မတီရဲ့ ခိုင်မာတဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းကို ပြီးမြောက်အောင်မြင်ခဲ့ပြီး ပြည်သူ ၁.၄ ဘီလီယံကို အကျိုးပြုတဲ့ ပြည်သူ့အကျိုးပြုစီမံကိန်းကြီးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ရာ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမှာ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ပြီး အသက်အန္တရာယ်မှ ကာကွယ်ပေးတဲ့ ကမ္ဘာ့အခိုင်ခံ့ဆုံး ဘေးကင်းလုံခြုံရေးလမ်းကြောင်းကို တည်ဆောက်ခဲ့ပါတယ်။ ကမ္ဘာမှာ ရာစုနှစ်တစ်ခုတိုင်အောင် မကြုံခဲ့ဖူးတဲ့ အပြောင်းအလဲကြီးများကို ရင်ဆိုင်ရချိန်မှာ တရုတ်နိုင်ငံဟာ အမေရိကန် ဦးဆောင်ဦးရွက်ပြုတဲ့ ကြီးစိုးရေးဝါဒအင်အားစုရဲ့ ဝန်းရံနှောင့်ယှက်မှုနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများကို ဦးဆောင်ကာ အမေရိကန်က တရုတ်နိုင်ငံအပေါ် ဆင်နွှဲတဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ ဘဏ္ဍာရေးစစ်ပွဲတို့ကို ရင်ဆိုင်ရဲတဲ့သတ္တိရှိပြီး အဆင့်မြင့်သိပ္ပံနည်းပညာနယ်ပယ်မှာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုများကို ဆက်တိုက်ထိုးဖောက်ကျော်ဖြတ်နေပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း “တရုတ်နိုင်ငံရဲ့အမြန်နှုန်း” နဲ့ပတ်သက်တဲ့သတင်းများ မကြာခဏ ထွက်ပေါ်လာခဲ့ပါတယ်။ Zhurong အာကာသယာဉ် အင်္ဂါဂြိုဟ်သို့ စူးစမ်းလေ့လာခြင်း၊ Chang'e လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် လကမ္ဘာဆီသို့ ရောက်ရှိခြင်း၊ Tianhe က ကြယ်တာရာများဆီသို့ ခရီးသွားခြင်း၊ Fuxing ကျည်ဆန်ရထားက ဖန်တီးလိုက်တဲ့ တရုတ်မြန်နှုန်းမြင့်ရထားရဲ့ အမြန်နှုန်းသစ်က ကမ္ဘာ့ရှေ့ပြေးနေရာတွင် ရှိနေခြင်း၊ C919 လေယာဉ်ကြီး ပထမဆုံးအကြိမ် ပျံသန်းမှု အောင်မြင်ခြင်း၊ Chang'e 4 က လကမ္ဘာရဲ့ အခြားတစ်ဖက်ခြမ်းသို့ ဆင်းသက်ခြင်း၊ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားကြီး ဖွင့်လှစ်ခြင်း စတာတွေဟာ တရုတ်နိုင်ငံရဲ့ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုများ သမိုင်းဝင်စွာ အလုံးစုံ ခုန်ပျံကျော်လွှားနိုင်ခဲ့တာကို ကိုယ်စားပြုနေပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ မှန်ကန်တဲ့ဦးတည်ချက်ကို ဆုပ်ကိုင်ထားပြီး ကြီးစိုးရေးဝါဒရဲ့ အကြိမ်ကြိမ်စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ချေမှုန်းနိုင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက အဆိုပြုခဲ့တဲ့ အေးအတူပူအမျှအသိုက်အဝန်း အယူအဆဟာ တစ်နေ့တခြား ပြည်သူများရဲ့စိတ်ထဲကို နက်ရှိုင်းစွာ ဝင်ရောက်လာပါတယ်။

ကြီးမားတဲ့ပြောင်းလဲမှုအခြေအနေများ၊ ကြီးမားတဲ့အပြောင်းအလဲများ၊ ကြီးမားတဲ့အလားအလာများ အရှိန်အဟုန်မြင့်နေတဲ့အချိန်မှာ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ အဓိပ္ပာယ်ကြီးမားလေးနက်လှပြီး ဒုတိယမြောက် နှစ်တစ်ရာရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေးအတွက် လမ်းပြမြေပုံ ရေးဆွဲခြင်း ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံ သာယာဝပြောတိုးတက်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။”

လို့ ပြောကြားပါတယ်။