မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်စာမြှင့်တင်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် - တရုတ်နိုင်ငံဟာ ကမ္ဘာကြီးအတွက် ဆင်းရဲနွမ်းပါးမှု ဘက်စုံတိုက်ဖျက်ရေး စံနမူနာဖြစ်လာခဲ့ရုံသာမက Chang'e လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် လကမ္ဘာဆီသို့ ရောက်ရှိခြင်း စတာတွေဟာ ပင်လယ်ရပ်ခြားတရုတ်နွယ်ဖွားများအတွက် ပိုပြီး ဂုဏ်ယူဖွယ် ဖြစ်စေပါတယ်။

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်စာမြှင့်တင်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်၊ မန္တလေးမြို့ ဖူချင့်ကွန်ဖြူးရှပ်စင်တာ ဌာနမှူး လီကျူချင်းက China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“ပင်လယ်ရပ်ခြားတရုတ်နွယ်ဖွားတွေဟာ ဇာတိမြေနိုင်ငံရဲ့ တိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲတမ်း အလေးထားနေပါတယ်။ China Media Group မြန်မာဘာသာဌာနရဲ့ အစီအစဉ်ကတစ်ဆင့် တရုတ်ကွန်မြူနစ်ပါတီ  အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပတော့မယ့်သတင်းကို ကျွန်တော်တို့ အနီးကပ် ဂရုပြုခဲ့ပါတယ်။ ယခုအခါသမယမှာ ကျွန်တော်က တရုတ်ကွန်မြူနစ်ပါတီ  အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

တရုတ်နိုင်ငံဟာ အလွန်တရာခက်ခဲကြမ်းတမ်းလှတဲ့ နှစ်တစ်ရာခရီးကို လျှောက်လှမ်းခဲ့ရပါတယ်။

လွန်ခဲ့တဲ့နှစ်တစ်ရာက တရုတ်နိုင်ငံဟာ အင်အားကြီးနိုင်ငံတွေရဲ့ အရှက်ခွဲခံခဲ့ရပြီး ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေ ဝမ်းနည်းကြေကွဲခဲ့ရတာကို ကျွန်တော်တို့ ဘယ်သောအခါမှ မေ့မှာမဟုတ်ပါဘူး။

အရှေ့တိုင်းမှာ လင်းရောင်ခြည်ထွက်ပေါ်လာပြီး မှောင်မိုက်မှုတွေ ကုန်ဆုံးခဲ့ပါပြီ။ အရှေ့တိုင်းရဲ့ နဂါးကြီး မားမားမတ်မတ်ရပ်တည်နေပြီး ကမ္ဘာကြီးရဲ့ အရှေ့ဘက်မှာ အခိုင်အမာ တည်ရှိနေပါပြီ။ ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေ အလွန်ဝမ်းမြောက်ခဲ့ရပါပြီ။ ဒါတွေကို ကျွန်တော်တို့ ဘယ်သောအခါမှ မေ့မှာမဟုတ်ပါဘူး။

ဟောင်ကောင်နဲ့ မကာအို အမိနိုင်ငံဆီသို့ ပြန်လည်ရောက်ရှိခြင်းက ရာစုနှစ်တာ အရှက်ရခဲ့မှုကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးအတွက် ဆင်းရဲနွမ်းပါးမှု ဘက်စုံတိုက်ဖျက်ရေး စံနမူနာဖြစ်လာခဲ့ရုံသာမက Chang'e လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် လကမ္ဘာဆီသို့ ရောက်ရှိခြင်း၊ Shenzhou အာကာသယာဉ် လှည့်လည်သွားလာခြင်း၊ Zhurong အာကာသယာဉ် အင်္ဂါဂြိုဟ်သို့ စူးစမ်းလေ့လာခြင်း၊ ကြီးကျယ်ခမ်းနားသော Tiangong အာကာသစခန်း စတာတွေဟာ ပင်လယ်ရပ်ခြားတရုတ်နွယ်ဖွားများအတွက် ပိုပြီးဂုဏ်ယူဖွယ်ဖြစ်စေပါတယ်။

ဒါတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်ပြည်သူတွေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ယခု တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တရုတ်ပြည်သူများ ဒုတိယမြောက် နှစ်တစ်ရာရည်မှန်းချက်ဆီသို့ ချီတက်ရန်အတွက် ခရာမှုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပါစေ။”

လို့ပြောကြားပါတယ်။