လားရှိုး ဖူကျန့်ဘုံကျောင်း ဥက္ကဌ - ခရီးစဉ်သစ်မှာ ပင်လယ်ရပ်ခြားရှိ တရုတ်နွယ်ဖွားများကလည်း တရုတ်ပြည်သူများနဲ့အတူ တရုတ်-မြန်မာ ကဏ္ဍစုံ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အဆက်မပြတ်ကြိုးပမ်းအားထုတ်ပြီး သမိုင်းဝင် အောင်မြင်မှုသစ်များကို အဆက်မပြတ် ဖန်တီးသွားရန် ဆန္ဒရှိပါတယ်

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် လားရှိုး ဖူကျန့်ဘုံကျောင်း ဥက္ကဌ ရိုကျန့်မိန်က China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

 “တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်တဲ့အခါသမယမှာ ကျွန်တော်က မြန်မာနိုင်ငံမြောက်ပိုင်း လားရှိုး ဖူကျန့်ဘုံကျောင်းနဲ့ မိမိကိုယ်ကို ကိုယ်စားပြုပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြောင်း ဖော်ပြလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်တစ်ရာက တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ တရုတ်ပြည်သူတွေဟာ ပါတီရဲ့ဦးဆောင်မှုအောက်မှာ အခက်အခဲနဲ့ အတားအဆီးမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး ရှေ့သို့ချီတက်ခဲ့ကာ ကမ္ဘာမှာ သိသာထင်ရှားတဲ့တောက်ပတဲ့အောင်မြင်မှုများကို ရရှိခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ မှန်ကန်တဲ့ဦးဆောင်မှုသာ မရှိခဲ့ရင် ယနေ့ အင်အားတောင့်တင်းပြီး ယဉ်ကျေးတဲ့ တရုတ်နိုင်ငံသစ် ဖြစ်တည်လာမှာ မဟုတ်ကြောင်း၊ တရုတ်ပြည်သူများ ရပ်တည်လာနိုင်ခြင်း၊ ကြွယ်ဝချမ်းသာလာခြင်း၊ အားကောင်းလာခြင်းဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ကြောင်း သမိုင်းက သက်သေထူနေပါတယ်။ ပြီးခဲ့တဲ့ဆယ်နှစ်တာအတွင်း အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် အမှူးပြုတဲ့ ပါတီဗဟိုကော်မတီက တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ်ဆိုတဲ့ ကြီးမြတ်တဲ့အလံကြီးကို မြင့်မြင့်မားမား လွှင့်ထူခဲ့ပြီး ပါတီတစ်ရပ်လုံးနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို စည်းလုံးညီညွတ်စွာ ဦးဆောင်ကာ သတ်မှတ်အချိန်အတိုင်း ဆင်းရဲနွမ်းပါးမှုကို အောင်မြင်စွာ တိုက်ဖျက်နိုင်ခဲ့ပါတယ်။ အတော်အသင့်ချမ်းသာတဲ့လူ့အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ပြီး ပထမဆုံး နှစ်တစ်ရာရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ အဆက်မပြတ် မြန်ဆန်စွာ တိုးတက်လျက်ရှိပါတယ်။ အာကာသလုပ်ငန်း၊ သိပ္ပံနည်းပညာ၊ မြန်နှုန်းမြင့်ရထား၊ တံတား၊ သမုဒ္ဒရာ၊ စိုက်ပျိုးရေး၊ အင်တာနက် စတဲ့ နယ်ပယ်အသီးသီးမှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုသမိုင်းရဲ့ အံ့ဖွယ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက အဆိုပြုခဲ့တဲ့ “The Belt and Road” ဟာ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးနဲ့ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ခရီးစဉ်သစ်မှာ ပင်လယ်ရပ်ခြားရှိ တရုတ်နွယ်ဖွားများကလည်း တရုတ်ပြည်သူများနဲ့အတူ တရုတ်-မြန်မာ ကဏ္ဍစုံ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အဆက်မပြတ်ကြိုးပမ်းအားထုတ်ပြီး သမိုင်းဝင် အောင်မြင်မှုသစ်များကို အဆက်မပြတ် ဖန်တီးသွားရန် ဆန္ဒရှိပါတယ်။”

လို့ ပြောကြားပါတယ်။