ဖူကျင်ကွမ်ရင်ဘုရားကျောင်း ဥက္ကဌ - လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကတည်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံဟာ အလွန်ဆင်းရဲတဲ့နိုင်ငံအဖြစ်ကနေ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အပြောင်းလဲကြီး ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် ဖူကျင်ကွမ်ရင်ဘုရားကျောင်း ဥက္ကဌ လင်ဝန်ကျန်း က China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“တရုတ်ကွန်မြူနစ်ပါတီ  အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါတယ်။ “ကွန်မြူနစ်ပါတီ မရှိရင် တရုတ်နိုင်ငံသစ်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။” လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကတည်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံဟာ အလွန်ဆင်းရဲတဲ့နိုင်ငံအဖြစ်ကနေ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အပြောင်းလဲကြီး ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံ ကျင်းပချိန်မှစပြီး ရှီကျင့်ဖျင် အမှူးပြုတဲ့ ပါတီဗဟိုကော်မတီရဲ့ စည်းလုံးညီညွတ်စွာ ဦးဆောင်မှုအောက်မှာ ပါတီတစ်ရပ်လုံးနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ ကြီးမားတဲ့အောင်မြင်မှုများကို ရရှိခဲ့ပြီး သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနယ်ပယ်များမှာ ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ဖြစ်ထွန်းခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ လုံးဝအောင်ပွဲခံနိုင်ခဲ့ပြီး အတော်အသင့်ချမ်းသာတဲ့လူ့အဖွဲ့အစည်းသို့ ဘက်စုံဝင်ရောက်နိုင်ခဲ့ပါတယ်။ ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ရချိန်မှာလည်း “အသက်သည် ပထမ၊ ပြည်သူသည် ပထမ” ဆိုတဲ့စိတ်ဓာတ်ကို လက်ကိုင်စွဲပြီး အခက်အခဲများကို ကျော်လွှားကာ တရုတ်ပြည်သူ ၁.၄ ဘီလီယံရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပါတယ်။ ပင်လယ်ရပ်ခြားရှိ တရုတ်လူမျိုးညီအစ်ကိုမောင်နှမများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ ကြီးမားစွာ အကျိုးထမ်းရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ မန္တလေးမှာရှိတဲ့တရုတ်နွယ်ဖွားတွေကလည်း တက်ညီလက်ညီနဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

လို့ ပြောကြားပါတယ်။