ကချင်ပြည်နယ် ယူနန်ဘုံကျောင်း ဥက္ကဌ - ကျွန်တော်တို့ မြန်မာပြည်သူတွေလည်း အေးချမ်းတည်ငြိမ်ပြီး သဟဇာတရှိတဲ့နေထိုင်မှုဘဝကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်ပြည်သူများနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါတယ်

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် ကချင်ပြည်နယ် ယူနန်ဘုံကျောင်း ဥက္ကဌ ကောင်းကျုံးဖိန် က China Media Group မှ သတင်းထောက်၏ အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့တဲ့ နှစ်တစ်ရာအတွင်း သေးငယ်မှုမှသည် ကြီးမားလာသည်အထိ၊ အားနည်းမှုမှသည် အားကောင်းလာသည်အထိ၊ ပြည်သူသာလျှင် အဓိကဟူသည်ကို အမြဲလက်ကိုင်စွဲခဲ့ပြီး ခေတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဦးဆောင်ကာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဦးဆောင်ပြီး ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုများ တစ်ခုပြီးတစ်ခု ရရှိခဲ့ပါတယ်။ ထိုသို့ဖြင့် တရုတ်လူမျိုးများ ကြီးမြတ်တဲ့ ရှင်သန်နိုးထရေးဆီသို့ လျှောက်လှမ်းခြင်းဆိုတဲ့ ပြောင်မြောက်တဲ့ စာမျက်နှာသစ်ကို ရေးသားနိုင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးနောက် ရှီကျင့်ဖျင် အမှူးပြုတဲ့ ပါတီဗဟိုကော်မတီဟာ ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ပြီး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားခဲ့ကာ အမေရိကန် စတဲ့ အနောက်အင်အားကြီးနိုင်ငံများရဲ့ဝန်းရံမှုနဲ့ ရန်စမှုများအောက်မှာ ဇွဲမလျှော့ဘဲ ကြိုးပမ်းရုန်းကန်ခဲ့ပါတယ်။ အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်ပြီး ဖိအားများကို ခွန်အားများအဖြစ် ပြောင်းလဲကာ ဇွဲလုံ့လဝီရိယဖြင့် သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို ရရှိခဲ့ပြီး ပထမဆုံး နှစ်တစ်ရာရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ တရုတ်မြေပြင်ပေါ်မှာ အတော်အသင့်ချမ်းသာတဲ့လူ့အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်နိုင်ခဲ့ပြီး ဒုတိယမြောက် နှစ်တစ်ရာရည်မှန်းချက်ဆီသို့ ဦးတည်ချီတက်လျက်ရှိပါတယ်။

တရုတ်လူမျိုးတိုင်းနဲ့ ပင်လယ်ရပ်ခြားရှိတရုတ်နွယ်ဖွားတိုင်းဟာ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂုဏ်ယူနေကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေလည်း အေးချမ်းတည်ငြိမ်ပြီး သဟဇာတရှိတဲ့ နေထိုင်မှုဘဝကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်ပြည်သူများနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါတယ်။ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။”

လို့ပြောကြားပါတယ်။