လားရှိုးမြို့ယူနန်ဘုံကျောင်း ဥက္ကဌ - တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းတို့ကို တစိုက်မတ်မတ် လျှောက်လှမ်းနေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပြဿနာများကို ဖြေရှင်းနိုင်ရန် အဆက်မပြတ် ခွန်အားများ ဖြည့်တင်းပေးနေပါတယ်

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် လားရှိုးမြို့ ယူနန်ဘုံကျောင်း ဥက္ကဌ နျဲ့ဝေရန်က China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းနဲ့ ကြုံကြိုက်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ပင်လယ်ရပ်ခြားတရုတ်နွယ်ဖွားတွေက ညီလာခံကြီးကို အလွန်အာရုံစိုက်ကြပြီး စိတ်အားထက်သန်နေကြပါတယ်။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းရဲ့ အရေးကြီးမှတ်တိုင်တစ်ခုဖြစ်ပြီး တရုတ်လူမျိုးများ ကြီးမြတ်စွာ ရှင်သန်နိုးထရေး လမ်းကြောင်းရဲ့ အရေးကြီးမှတ်တိုင်လည်း ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပချိန်မှစ၍ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် အမှူးပြုတဲ့ ပါတီဗဟိုကော်မတီရဲ့ခိုင်မာတဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကြံ့ခိုင်မှုရှိလာပြီး သမာဓိကို လက်ကိုင်စွဲ၍ ဆန်းသစ်တီထွင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ခေတ်သစ် တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ်ရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုများကို ဖန်တီးခဲ့ကြပြီး တရုတ်လူမျိုးများဟာ ရပ်တည်လာနိုင်မှု၊ ချမ်းသာကြွယ်ဝလာမှုမှသည် အားကောင်းတောင့်တင်းလာတဲ့ ကြီးမားသော သမိုင်းဝင် ခုန်ပျံကျော်လွှားမှုများကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ဆယ်နှစ်တာ ကြိုးပမ်းချီတက်ခဲ့ကြပြီး ဆယ်နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုရလဒ်များက ကမ္ဘာမှာ သိသာထင်ရှားလှပါတယ်။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ သမိုင်းဝင် အောင်မြင်မှုများ ရရှိခဲ့ပြီး ကမ္ဘာကြီးရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး ကံကြမ္မာတူညီခဲ့ကြပါတယ်။

တစ်ကမ္ဘာလုံးကို ရိုက်ခတ်လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ရချိန်မှာ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်သူများကို ဦးဆောင်ပြီး ပြည်သူသည်အဓိက၊ အသက်သည်အဓိက ဆိုတဲ့စိတ်ဓာတ်ကို အမြဲလက်ကိုင်စွဲထားကာ ပြည်သူများရဲ့ အသက်နဲ့ ကျန်းမာရေးကို အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ စီးပွားရေး ဖြိုးတိုးတက်ရေးနဲ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်မှုဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအောင်မြင်မှုများ ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အေးအတူပူအမျှအသိုက်အဝန်းအယူအဆကို တစိုက်မတ်မတ် လိုက်နာပြီး နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို အစွမ်းကုန် မြှင့်တင်၊ ပံ့ပိုးကူညီခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဖျောက်ဖျက်၍မရတဲ့ အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ပါတယ်။

“စိမ်းလန်းစိုပြည်တဲ့ တောတောင်ရေမြေဟာ ရွှေတောင်၊ ငွေတောင်များ ဖြစ်ပါတယ်။” တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်သူများကို ဦးဆောင်ပြီး ဂေဟစနစ် ဦးစားပေးမှု၊ စိမ်းလန်းစိုပြည်စွာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လိုက်နာကာ ဂေဟစနစ်ယဉ်ကျေးမှုကို ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ “ပါရီသဘောတူညီချက်” ကို အကောင်အထည်ဖော်ရန် တက်ကြွစွာ တွန်းအားပေးပြီး ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့စံနမူနာဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်တလဲလဲဖြစ်ပွားနေပြီး နိုင်ငံတကာလုံခြုံရေးအခြေအနေ ဆက်တိုက်မတည်မငြိမ်ဖြစ်နေကာ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု အားနည်းပြီး အခက်အခဲတွေ ရှိနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းလှိုင်းလုံးကြီးများကို ရင်ဆိုင်နေရချိန်မှာ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းတို့ကို တစိုက်မတ်မတ် လျှောက်လှမ်းနေပြီး လက်တွေ့လုပ်ဆောင်ချက်များနဲ့ သဘောထားကြီးတဲ့ နိုင်ငံကြီးရဲ့ တာဝန်သိမှုကို ဖော်ပြနေကာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပြဿနာများကို ဖြေရှင်းနိုင်ရန် အဆက်မပြတ် ခွန်အားများ ဖြည့်တင်းပေးနေပါတယ်။ တရုတ်နိုင်ငံက အဆိုပြုခဲ့တဲ့ “The Belt and Road” စီမံချက်နဲ့ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အယူအဆဟာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ အတူတကွဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် အစားထိုး၍မရတဲ့ အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

စိတ်ကူးနဲ့ခွန်အားများကို ပေါင်းစည်း၍ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုများကို ဖန်တီးပြီး စိတ်တူကိုယ်တူနဲ့ အနာဂတ်သို့ ချီတက်ကြမယ်။ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းကို အမှတ်သင်္ကေတအဖြစ် ထားရှိ၍ တရုတ်ကွန်မြူနစ်ပါတီက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဦးဆောင်ပြီး မူလဆန္ဒကို မမေ့လျော့ဘဲ အခက်အခဲများကိုကျော်လွှားပြီး ရှေ့သို့ချီတက်ကာ ဆိုရှယ်လစ်စနစ်ခေတ်မီနိုင်ငံတော်အဖြစ် ဘက်စုံတည်ဆောက်ရေးဆိုတဲ့ စာမျက်နှာသစ်ကို ခွန်အားအပြည့်နဲ့ ရေးသားနိုင်မယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒုတိယမြောက် နှစ်တစ်ရာရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ပြီး တရုတ်လူမျိုးသားစဉ်မြေးဆက်တို့ရဲ့ ထောင်စုနှစ်ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ပေါ်လာစေကာ တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးကို ပိုမိုသာယာလှပစေမယ်လို့လည်း အခိုင်အမာ ယုံကြည်ပါတယ်။”

လို့ပြောကြားပါတယ်။