မဟာမိတ်တပ်ဖွဲ့ဝင်တို့၏နောက်မျိုးဆက် - တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူတွေဟာ အတူတကွတိုင်ပင်ဆွေးနွေး၊ အတူတကွတည်ဆောက်ကြပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အေးချမ်းသာယာတဲ့နေ့ရက်တွေကို သေချာပေါက် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် ဒုတိယကမ္ဘာစစ် ဖက်ဆစ်ဆန့်ကျင်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တို့၏နောက်မျိုးဆက်များအသင်း (မြန်မာပြည်) ဥက္ကဌ ဝမ်ယွိစွန့်က China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ကြိုးစားပမ်းစားနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း ပြည်သူတစ်ရပ်လုံးသာယာကောင်းမွန်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်စေရန်အတွက် စွန့်ဦးတီထွင်ပြီးဦးဆောင်ဦးရွက်ပြုခဲ့ခြင်း၊ နိုင်ငံရဲ့စီးပွားရေးအင်အား၊ သိပ္ပံနည်းပညာအင်အားများ ကြီးထွားလာခြင်းကြောင့် နိုင်ငံတကာ၌ တရုတ်နိုင်ငံရဲ့ အကျိုးထိရောက်မှုကို မြှင့်တင်ပေးနိုင်ခဲ့ခြင်းတို့ကို တရုတ်အဝေးရောက်တပ်သားများရဲ့ မျိုးဆက်ဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရောက်တရုတ်နွယ်ဖွားများနဲ့ တရုတ်လူမျိုးသားစဉ်မြေးဆက် အားလုံးဂုဏ်ယူဖွယ် တွေ့မြင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့အနှစ်ရှစ်ဆယ်တုန်းက ကျွန်တော်တို့ရဲ့ဖခင်လက်ထက်က တရုတ်အဝေးရောက်တပ်သားများအဖြစ် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အစွမ်းကုန်အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ စစ်ပွဲများအောင်နိုင်ခဲ့ပြီးနောက်မှာ မြန်မာပြည်သူများနဲ့အတူ အေးအတူပူအမျှ နေထိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အတူတကွတည်ဆောက်ခဲ့ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်နိုင်ငံအစိုးရက ကျွန်တော်တို့ ဖခင်လက်ထက်က ကြိုးပမ်းအားထုတ်ပေးဆပ်ခဲ့မှုများကို အပြည့်အဝအသိအမှတ်ပြုခဲ့ပြီး စစ်ပွဲအောင်နိုင်ခြင်း (၆၀) နှစ်မြောက်နှင့် (၇၀) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ ၎င်းတို့ကို စစ်ပွဲအောင်နိုင်ခြင်းအထိမ်းအမှတ်ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါတယ်။ “ဒီဘဝမှာနောင်တရစရာမရှိဘူး၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရက စစ်မှုထမ်းဟောင်းတွေနဲ့ ပင်လယ်ရပ်ခြားကတရုတ်နွယ်ဖွားတွေကို ကရုဏာထားတဲ့အတွက် အထူးကျေးဇူးတင်မိတယ်” လို့ ဖခင်ဖြစ်သူမကွယ်လွန်မီက ပြောကြားခဲ့ပါတယ်။

“The Belt and Road” ဟာ လူသားတစ်ရပ်လုံးကို အကျိုးပြုတဲ့စီမံချက် ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူတွေဟာ ဒီစီမံချက်အောက်မှာ အတူတကွ တိုင်ပင်ဆွေးနွေး၊ အတူတကွ တည်ဆောက်ကြပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အေးချမ်းသာယာတဲ့နေ့ရက်တွေကို သေချာပေါက် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့ ခွဲထွက်မရနိုင်တဲ့နယ်မြေ ဖြစ်ပါတယ်။ နှစ်ဖက်ကမ်းပေါင်းစည်းရေးဟာ သမိုင်းရဲ့ မဖြစ်မနေဦးတည်ရာလမ်းကြောင်းဖြစ်ပြီး မည်သည့်ပြင်ပအင်အားစုကမှ တားဆီး၍မရနိုင်ပါဘူး။ ထိုင်ဝမ်သီးခြားတည်ရှိရေး၊ ခွဲထွက်ရေး ကြိုးပမ်းခြင်းဟာ ပြန်လမ်းမဲ့လမ်းတစ်လမ်း ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနေတဲ့သမိုင်းဝင်အခိုက်အတန့်မှာ မြန်မာနိုင်ငံရှိတရုတ်နွယ်ဖွားများက ဇာတိမြေနိုင်ငံကြီး ငြိမ်းချမ်းစွာပေါင်းစည်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ၊ နှစ်ဖက်ကမ်းမှပြည်သူများ တက်ညီလက်ညီနဲ့ သာယာကောင်းမွန်တဲ့မိသားစုကို အတူတကွတည်ဆောက်နိုင်ပြီး တရုတ်လူမျိုးများ ကြီးမြတ်စွာရှင်သန်နိုးထလာရေးကို အတူတကွ အကောင်အထည်ဖော်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။”

လို့ ပြောကြားပါတယ်။