မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဥက္ကဌ- တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံ ပိုမိုအင်အားတောင့်တင်းကြွယ်ဝပါစေ

CRI, October 20, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ကျင်းပလျက်ရှိသည့်အချိန်တွင် မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဥက္ကဌ ကျန်အန်းထိက China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံခဲ့ရာ ယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“တရုတ်ကွန်မြူနစ်ပါတီ  အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ဖွင့်လှစ်ကျင်းပနိုင်ခြင်းအတွက် ကျွန်တော်က မြန်မာနိုင်ငံ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းကို ကိုယ်စားပြု၍ တရုတ်နိုင်ငံနဲ့ တရုတ်ကွန်မြူနစ်ပါတီကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ  အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပခါနီးကာလက ဇာတိမြေနိုင်ငံမှာ မင်္ဂလာသတင်းတွေ တောက်လျှောက်ရှိခဲ့ပါတယ်။ Shenzhou 13 နဲ့ Shenzhou 14 တို့ တရုတ်အာကာသစခန်းမှာ ထင်ရှားတဲ့အောင်မြင်မှုတွေ ရရှိခဲ့တာကို သိရပြီး ပင်လယ်ရပ်ခြားကတရုတ်နွယ်ဖွားတွေလည်း ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံက ပိုမိုများပြားကြီးမားတဲ့အောင်မြင်မှုတွေ သေချာပေါက်ရရှိနိုင်မယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် ယုံကြည်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ  အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပနေတဲ့ အရေးကြီးအခါသမယမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံ ပိုမိုအင်အားတောင့်တင်းကြွယ်ဝပါစေ၊ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေလို့ ကျွန်တော်တို့ လေးလေးနက်နက် ဆုမွန်ကောင်းကောင်းလိုက်ပါတယ်။”

လို့ ပြောကြားပါတယ်။