တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံနှင့် ပတ်သက်၍ နိုင်ငံများစွာမှ နိုင်ငံရေး နယ်ပယ်ရှိ အရှိန်အဝါကြီးသူများ၏ ပြောဆိုချက်များ

CRI, October 19, 2022
Size:

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့သည်။ မကြာခင်ရက်များက China Media Group မှ အင်တာဗျူးကို လက်ခံရာတွင် နိုင်ငံများစွာမှ နိုင်ငံရေးနယ်ပယ်ရှိ အရှိန်အဝါကြီးသူများက တရုတ် ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုဖြင့် တရုတ်ပြည်သူများသည် စီစဉ်ထားသည့် အတိုင်း ဒုတိယ နှစ် ၁၀၀ အားထုတ်ကြိုးပမ်းခြင်း ရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်မည်မှာ သေချာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အကျိုးပြုမှုကို စွမ်းဆောင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြသည်။

လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ Thongloun Sisoulith က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံသည် တရုတ်ပြည်၏ ခေတ်မီဆိုရှယ်လစ်နိုင်ငံ ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ်အတွက် အားကောင်းသောတွန်းအားပေးမှုကို ဖော်ဆောင်ပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဗီယက်နမ်သည် တရုတ်ပြည် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအရေးကြီးသည့် အကျိုးပြုမှုကို စွမ်းဆောင်ရန် ထာဝရ အားပေးထောက်ခံကြောင်း ပြောကြားသည်။