တရုတ်ယူနန်-ဗီယက်နမ် ရထားလမ်းအကျယ် ၁ မီတာရှိ မီးရထားသည် ရေပန်းစားနေပြီး လွန်ခဲ့သော ၄ နှစ်အတွင်း ခရီးသည် ၂ သိန်းလက်ခံခဲ့

Yunnan Gateway, October 12, 2022
Size:

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟော်ဟာနီ၊ ရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ခိုင်းယွမ်မြို့ရှိ တောင်-မြောက်ချိတ်ဆက်ထားသော အပျော်စီးမီးရထားသည် ခရီးသည်များကို များစွာကို ဆွဲဆောင်ခဲ့ပါသည်။ ၎င်းမီးရထားသည် လက်ရှိတွင် တရုတ်ယူနန်-ဗီယက်နမ်မီးရထားလမ်းတွင် တစ်ခုတည်းသော ဆက်လက်ပြေးဆွဲနေသည့် မီးရထားဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်အတွင်း ခရီးသည်ဦးရေ ၂ သိန်း လက်ခံပို့ဆောင်ခဲ့သည်။ အဆိုပါ မီးရထားလမ်း ၁ မီတာသာရှိသည့် မီးရထားသည် လွန်ခဲ့သောနှစ်ပေါင်းများစွာ ရပ်နားထားခဲ့ရာမှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခဲ့ပြီး အစိမ်းရောင်မီးရထားအပြင် သစ်သားထိုင်ခုံနှင့် ပန်ကာဟောင်း စသည်တို့ဖြင့် ယခင်ခေတ်ကာလ၏အရသာကို ထိန်းသိမ်းထားဆဲဖြစ်သည်။




(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)