ထိုင်း Phra Nakhon Si Ayutthaya ပြည်နယ်ရှိ ရှေးဟောင်းအကြွင်းအကျန်နေရာ ၄၀ ကျော် ရေလွှမ်းမိုးမှုခံရ

CRI, October 6, 2022
Size:

ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ဒုညွှန်ချုပ် ဆာတာဖုန် က တိုင်ဖွန်းမုန်တိုင်း Noruz (Super Typhoon Noruz) ၏ တိုက်ခတ်မှုကြောင့် မကြာခင်ရက်များက ထိုင်းဒေသများစွာတွင် ရေဘေးဒုက္ခ ဖြစ်ပွားနေကြောင်း၊ အလယ်ပိုင်း Phra Nakhon Si Ayutthaya ပြည်နယ်ရှိ Ayutthaya ရှေးဟောင်းမြို့ အကြွင်းအကျန်နေရာ ဥယျာဉ်အနီးတစ်ဝိုက် မြစ်များ၏ ရေအမှတ် ၁ မီတာကျော် မြင့်တက်လာခဲ့ပြီး မကြာမီတွင် စင်တီမီတာ ၃၀ မှ ၆၀ အထိ ဆက်တိုက်မြင့်တက်လာမည်ဟု ဆည်မြောင်းတာတမံလုပ်ငန်းဌာနမှ ခန့်မှန်းရကြောင်း၊ ဒေသခံ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ထိန်းသိမ်းကာကွယ်ရေးဌာနသည် ၎င်းဥယျာဉ်အတွင်းရှိ အမြုတေကျသော ရှေးဟောင်းအကြွင်းအကျန် အဆောက်အအုံများကို ရေဘေးကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ရေးအစီအမံများကို ပြုလုပ်ခဲ့၍ ရှေးဟောင်းအကြွင်းအကျန် အဆောက်အအုံအများစု ဆိုးရွားသော ထိခိုက်မှုခံရခြင်း မရှိကြောင်း၊ သို့သော် ဥယျာဉ်အတွင်း မြေနိမ့်ချိုင့်ဝှမ်းနေရာများရှိ ရှေးဟောင်းအကြွင်းအကျန် အဆောက်အအုံ ၄၀ ကျော် ရေလွှမ်းမိုးမှု ခံရကြောင်း ယခုလ ၅ ရက်နေ့က ပြောကြားသည်။