တရုတ်နိုင်ငံ၏ ကြီးမားသောဝယ်လိုအားကြောင့် ထိုင်းနိုင်ငံ၏ဒူးရင်းလုပ်ငန်းကို ကြီးထွားစေသည်

CRI, October 5, 2022
Size:

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒူးရင်းသီး အများဆုံး ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး လက်ရှိတွင် နှစ်စဉ် ဒူးရင်းတန်ချိန် ၁ သန်းကျော် ထုတ်လုပ်နေပြီး ၈၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံသို့ ရောင်းချလျက်ရှိသည်။ ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် တည်ရှိသော Chanthaburi ပြည်နယ်သည် ထိုင်းနိုင်ငံ၏ အဓိကဒူးရင်းထွက်ရှိရာဒေသ ဖြစ်သည်။ ဒူးရင်းစိုက်ပျိုးမှုအတွေ့အကြုံ နှစ် ၃၀ ကျော်ရှိသော သစ်သီးတောင်သူ မာနီ က ယခင်ဒူးရင်းစိုက်ပျိုးသူများ၏အမြတ်မှာ အလွန်နည်းပါးပြီး ဒူးရင်းဈေးလည်းမမြင့်ဘဲ လွန်ခဲ့သောဆယ်နှစ်က တစ်ကီလိုဂရမ်လျှင် ပေါက်ဈေး ဘတ် ၃၀ လောက်ရှိကာ ယနေ့တွင် ဒူးရင်းသီး လက်ကားဈေးသည် အထွက်များသော ရာသီတွင် ဘတ် ၁၂၀၊ ရာသီမဟုတ်သည့်ကာလတွင် ဘတ် ၂၀၀ အထိ ရောက်ရှိနိုင်သည့်အတွက် သစ်သီးတောင်သူများ၏ဝင်ငွေကို များစွာ တိုးစေပါသည်ဟု သတင်းထောက်ကို ပြောကြားပါသည်။