တရုတ်-လာအို ရထားလမ်း ပြေးဆွဲသည့် ၁၀ လတွင် ကုန်ပစ္စည်းနှင့် ခရီးသည် သယ်ယူပို့ဆောင်မှု ပမာဏ ဆက်တိုက်တိုးပွား

CRI, October 3, 2022
Size:

တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲသည့် ၁၀ လတွင် သက်ဆိုင်ရာဌာနသည် ဝန်ဆောင်မှုသစ်များကို ဆောင်ရွက်ပြီး ရထားလမ်း၏ရွှေလမ်းကြောင်း အခန်းကဏ္ဍသည် တစ်နေ့တခြား ပေါ်လွင်လာကြောင်း၊ ယခုလ ၃ ရက်နေ့အထိ ခရီးသည် ၇.၃၉ သန်းကို သယ်ယူပို့ဆောင်ပြီး နိုင်ငံဖြတ်ကျော်ကုန်ပစ္စည်းတန်ချိန် ၁.၅၄ သန်း အပါအဝင် စုစုပေါင်း ကုန်ပစ္စည်း တန်ချိန် ၈.၅၁ သန်းကို သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ တရုတ်-လာအို ရထားလမ်း “လန်ချန်း-မဲခေါင်းအမြန်လိုင်း” ၏ နိုင်ငံတကာ ကုန်တင်ရထား အစင်း ၂၀၀ ကျော်ကို ပြေးဆွဲခဲ့ကြောင်း China Railway Kunming Group Co. Ltd. မှ ယခုလ ၄ ရက်နေ့ သတင်းအရ သိရသည်။