တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံပြီးတည်ဆောက်သော ကမ္ဘာဒီးယား ပထမဆုံးသောအမြန်လမ်း စမ်းသပ်ဖွင့်လှစ်

CRI, October 3, 2022
Size:

တရုတ်နိုင်ငံမှ CRBC ကုမ္ပဏီရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ကာ စီမံခန့်ခွဲသော ကမ္ဘောဒီယား Phnom Penh-Sihanoukville အမြန်မောင်း မော်တော်ကားလမ်းကို အောက်တိုဘာလ ၁ ရက်နေ့က စတင် စမ်းသပ်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းသည် ကမ္ဘောဒီးယားနိုင်ငံမှ ပထမဆုံးသော အမြန်လမ်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းအမြန်လမ်းသည် ဖနွမ်းပင်မြို့နှင့် ကမ္ဘောဒီးယား အကြီးဆုံးရေနက်ဆိပ်ကမ်းဖြစ်သည့် Sihanoukville ကို ဆက်သွယ်ပေးပြီး တရုတ်ဒီဇိုင်းနှင့် အရည်အသွေးစံနှုန်းကို အသုံးပြုကြောင်း၊ ယင်းအမြန်လမ်းသည် ပြည်နယ် ၅ ခုကို ဖြတ်ကျော်ပြီး ၁၈၇.၀၅ ကီလိုမီတာရှည်လျားကာ ၄ လမ်းသွား ဖြစ်သည်။ ယင်းအမြန်လမ်းဖွင့်လှစ်ပြီးနောက် ဖနွမ်းပင်မြို့မှ Sihanoukville အထိ မော်တော်ကားဖြင့်သွားလျှင် မူလက ၅ နာရီကျော်မှ ယခု ၂ နာရီထက်မများသော အချိန်သာ လိုအပ်တော့မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။