တရုတ်-အာဆီယံ ကုန်စည်ပြပွဲ လယ်ယာစိုက်ပျိုးရေးပြပွဲကို နန်နင်းမြို့၌ ကျင်းပ

CRI, September 26, 2022
Size:

၃ ရက်ကြာ ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ လယ်ယာစိုက်ပျိုးရေးပြပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့က နန်နင်းမြို့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ကုန်စည်ပြပွဲစင်တာ၌ စတင်ကျင်းပခဲ့ပါသည်။ ယခုအကြိမ် လယ်ယာစိုက်ပျိုးရေးပြပွဲ၏ပြခန်းအကျယ်အဝန်းသည် စတုရန်းမီတာ ၃ သောင်းရှိသည်။ တရုတ်-အာဆီယံ ထူးခြားချက်ပါရှိသော လယ်ထွက်ကုန်ပစ္စည်းနှင့်အစားအစာ ပြပွဲဧရိယာ၊ တရုတ်ပြည်လုံး ထူးခြားချက်ပါရှိသော လယ်ထွက်ကုန်ပစ္စည်းနှင့်အစားအစာ ပြပွဲဧရိယာ၊ ကျေးလက်ဒေသ ပြန်လည်ရှင်သန်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်စေရေး အောင်ကျိုးရလဒ်များ ပြပွဲဧရိယာ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ ပြပွဲဧရိယာ၊ နိုင်ငံတကာ လယ်ထွက်ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက် ပြပွဲဧရိယာ၊ ဒီဂျစ်တယ် စမတ်လယ်ယာစိုက်ပျိုးရေးနှင့် အသုံးအဆောင်ပစ္စည်းကိရိယာ ပြပွဲဧရိယာ စသောပြပွဲဧရိယာ ၆ ခု ထားရှိပါသည်။