မြန်မာနိုင်ငံသည် ရုရှားနိုင်ငံအကူအညီဖြင့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်မည်

CRI, September 22, 2022
Size:

မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားပြတ်လပ်မှုအခြေအနေကို ကောင်းမွန်လာစေရန် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံအကူအညီဖြင့် အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းနျူကလီးယားဓာတ်အားပေးစက်ရုံကို ၂ ပိုင်းခွဲပြီး တည်ဆောက်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပြည်သူများအား နျူကလီးယားစွမ်းအင်အသိပညာပေးရန်အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက်စင်တာတစ်ခု ထူထောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။