၁၂၁ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကြပ်မတ်ရေးကို စတင်

CRI, September 21, 2022
Size:

၁၂၁ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ပူးတွဲ ကြပ်မတ်ရေးကို စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ခဲ့သည်။ အဆိုပါဆောင်ရွက်မှုတွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ဥပဒေကျင့်သုံးရေးဌာနများသည် ကြပ်မတ်ရေးသင်္ဘော ၆ စင်းနှင့် ကြပ်မတ်ရေးအဖွဲ့ဝင် ၁၀၀ ကျော်ကို စေလွှတ်ပြီး ထိတွေ့မှု မရှိသောနည်းလမ်းဖြင့် လန်ချန်း-မဲခေါင် သက်ဆိုင်ရာမြစ်ဝှမ်း၌ ၄ ရက်နှင့် ၃ ညကြာ ပူးတွဲကြပ်မတ်ရေးကို ဆောင်ရွက်မည်ဖြစ်သည်။