"၂၀၂၂ တရုတ်-အာဆီယံနေ့" ကို အောင်မြင်စွာ ကျင်းပ

CRI, September 19, 2022
Size:

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် တရုတ်-အာဆီယံစင်တာနှင့် ပီကင်းပြည်သူ့နိုင်ငံခြားနှင့် ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းပြီး "၂၀၂၂ တရုတ်-အာဆီယံနေ့" လှုပ်ရှားမှုကို ကျင်းပခဲ့ပါသည်။

တရုတ်-အာဆီယံစင်တာအတွင်းရေးမှူးချုပ် Chen Dehai၊ တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mrs. Khek M. CaimealySysoda၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ Mrs. Zin Mar Htwe၊ တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး ဒုတိယအုပ်ချုပ်ရေးမှူး Mr. Dino Kusnadi၊ တရုတ်နိုင်ငံဆိုင်ရာလာအိုသံရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး Mr. ThongsavanhPhyathep၊ တရုတ်နိုင်ငံဆိုင်ရာ မလေးရှားသံရုံး ဒုတိယအုပ်ချုပ်ရေးမှူး Mr. SanmuganSubramaniam၊ တရုတ်နိုင်ငံဆိုင်ရာစင်ကာပူသံရုံး ဒုတိယအုပ်ချုပ်ရေးမှူး Ms. Chan Su Yin Tracy၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ သံမှူးကြီး Mr. SittikornChantadansuwan၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Fang Hong ၊ ပီကင်းပြည်သူ့နိုင်ငံခြားနှင့် ချစ်ကြည်ရေး အသင်း ဒုတိယသမ္မတ Liu Yuhong နှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာန၊အဖွဲ့အစည်း၊ တက္ကသိုလ်များ၊ လုပ်ငန်းများနှင့် မီဒီယာများအပါအဝင် အလွှာပေါင်းစုံမှ ကိုယ်စားလှယ် ၁၂၀ ကျော် လှုပ်ရှားမှုကို တက်ရောက်ခဲ့ပါသည်။



ပြပွဲတွင် တရုတ်နှင့် အာဆီယံတို့၏ ယဉ်ကျေးမှုနှင့် အနုပညာများ၊ အာဆီယံ ဆယ်နိုင်ငံနှင့် တရုတ်နိုင်ငံပီကင်းမြို့၊ ပင်းကျိုးမြို့တို့၏ အထူးအစားအစာများကို ပြသခဲ့သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများမှ အနုပညာရှင်များနှင့် မိတ်ဆွေများသည် ရသမြောက်သည့် အကများ၊ သီချင်းများ၊ အတီးအမှုတ်များ၊ ဝူရှူး၊ သဲပန်းချီစသဖြင့်ကို တင်ဆက်ပြသခဲ့ကြသည်။