မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက "ပဉ္စမအကြိမ်မြောက် တရုတ်-အာဆီယံ သတင်းအချက်အလက် ဆက်သွယ်ရေးဖိုရမ်သို့ ဗီဒီယိုဖြင့် တက်ရောက်

CRI, September 18, 2022
Size:

စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် "ပဉ္စမအကြိမ်မြောက် တရုတ်-အာဆီယံ သတင်းအချက်အလက် ဆက်သွယ်ရေးဖိုရမ် (5th China- ASEAN Information Harbor Forum)" ကို ဗီဒီယိုဖြင့် တက်ရောက်ခဲ့ပြီး ၎င်းက ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးကြောင်း၊ မဟုတ်မမှန်သော သတင်းအချက်အလက်များနှင့် ဆိုက်ဘာတိုက်ခိုက်မှုများစသည့် ဆိုက်ဘာလုံခြုံရေးပြဿနာများကို အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

၎င်းက မြန်မာနိုင်ငံသည် ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးဝန်ဆောင်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးစသည့် နယ်ပယ်များကို အဓိကထား၍ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ဟု မိတ်ဆက်ပြောကြားခဲ့ပါသည်။