၂၀၁၆-၂၀၂၂ ခုနှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းက ၆ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများအကြား ကုန်သွယ်ရေးပမာဏက အမေရိကန်ဒေါ်လာ ၃၉၈ ဘီလျံ ရှိလာကြောင်း၊ လွန်ခဲ့သောနှစ် အလားတူကာလထက် ၂၃ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၁၅ ခုနှစ်ထက် ၁၀၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာသုတေသနဌာန ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘာလုံး မဲခေါင်မြစ်သုတေသနဌာန အတွင်းရေးမှူချုပ် လျိုချင်းသည် ပြောကြားပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ၆ နှစ်ကြာ ဆောင်ရွက်ရာတွင် ဖွံဖြိုးတိုးတက်မှုကို အဓိကထားပြီး ဦးစားပေးဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံသည် မဲခေါင်နိုင်ငံများရဲ့ ဆက်သွယ်ရေး၊ လေဆိပ်၊ လျှပ်စစ်ပေးစက်ရုံ၊ စက်မှုဇုန် စသော အကြီးစား စီမံကိန်းလုပ်ငန်း ၄၀ ကျော်အတွက် သီးသန့်ချေးငွေ ချေးပေးပြီး လိုအပ်သောစက်ကိရိယာ ဝယ်ယူရန်နှင့် ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်ရန် ထောက်ပံ့ပေးသည်။
တရုတ်လာအိုရထားလမ်း စတင်ဖွင့်လှစ်ပြီး တရုတ်လာအိုနှစ်နိုင်ငံ နယ်စပ်ကဒေသခံများ ခရီးထွက်ခြင်း လွယ်ကူလာသည်။ ယခုနှစ် ဇွန်လ ၂ ရက်နေ့အထိ တရုတ်လာအိုရထားလမ်းသည် ခရီးသည် ကြိမ်ရေပေါင်း ၃၂.၇ သန်းကို သယ်ယူပို့ဆောင်နိုင်ခဲ့သည်။
၆ နိုင်ငံအကြား လေကြောင်းလိုင်းကိုလည်း ပိုမိုများပြားစွာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မတ်လက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ်ကို စတင်ထူထောင်လာပြီးနောက် လေကြောင်းလိုင်း ၃၃၂ လိုင်းကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး “လေပေါ်အမြန်လမ်း”ကို ထူထောင်လာနိုင်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိရောက်စွာ ထိန်းချုပ်လာနိုင်ခြင်းနှင့်အညီ ၆ နိုင်ငံသည် ပိုမိုများပြားသော လေကြောင်းလိုင်းများ ဖွင့်လှစ်သွားမည် ဖြစ်သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေသည် ပြည်သူများကို အကျိုးပြုသော စီမံကိန်းများကို ပိုပြီး စိတ်ဝင်စား၍ ဆင်းရဲမှု ပပျောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးရေးရာ စသည့်နယ်ပယ်တွင် စီမံကိန်း ၆၆၆ ခုကို ထောက်ခံခဲ့ပြီ ဖြစ်သည်။ “ထိုက်ရန်ချုန်” ခေါ် ဆိုလာလျှပ်စစ်ပေးစီမံကိန်း၊ “tea-oil tree မျိုးစေ့ကောင်း ပျိုးထောင်မှု သုတေသနစီမံကိန်း”၊ “ကော်ဖီထွက်နှုန်းတိုးချဲ့ရေးစီမံကိန်း”၊ “တိုင်းရင်းဆေးဖြင့် လန်ချန်း-မဲခေါင်ကို အကျိုးပြုခြင်းစီမံကိန်း” စသောလုပ်ငန်းများသည် မဲခေါင်းဒေသက ဒေသခံများစွာကို အကျိုးပြုလျက်ရှိသည်။