ထိုင်းမီဒီယာတတ်သိပညာရှင်များအဖွဲ့ဖိုရမ် ကျင်းပ

CRI, September 13, 2022
Size:

အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှု ဟူသော အဓိကဆောင်ပုဒ်ဖြင့် ထိုင်းမီဒီယာတတ်သိပညာရှင်များအဖွဲ့ဖိုရမ်ကို စက်တင်ဘာလ ၁၂ ရက်နေ့က ထိုင်း Dhurakij Pundit တက္ကသိုလ်တွင် ကျင်းပခဲ့ပါသည်။ ဖိုရမ်တက်ရောက်သူများသည် RCEP တရားဝင်အတည်ပြုခြင်း၊ ၂၀၂၂ ခုနှစ် အေပက်ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၊ ကိုဗစ်-၁၉ ရောဂါကြောင့် အာရှ-ပစိဖိတ်ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြင်းနှင့် တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ယခုအကြိမ် ဖိုရမ်ကို ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးနှင့် တီထွင်ဆန်းသစ်ရေး သိပ္ပံပညာ သုတေသနဝန်ကြီးဌာန ထိုင်း-တရုတ် Belt and Road သုတေသနစင်တာ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေး သုတေသန စင်တာနှင့် မီဒီယာတတ်သိပညာရှင်များအဖွဲ့ အချို့တို့သည် ပူးတွဲကျင်းပကြခြင်း ဖြစ်ပါသည်။