တရုတ်နိုင်ငံမှ အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လက်ခံရယူခြင်းအခမ်းအနားကို မြန်မာနိုင်ငံ၌ ကျင်းပ

CRI, September 11, 2022
Size:

စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံမှ ထောက်ပံ့ပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဝန်ထမ်းများသည် သယ်ယူပို့ဆောင်ပေးနေကြသည်။

တရုတ်နိုင်ငံမှ အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ ၂ သန်း လက်ခံရယူခြင်းအခမ်းအနားကို ၉ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး မစ္စတာ Zheng Zhihong၊ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်းနှင့် အာဆီယံကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံး ဒုတိယတာဝန်ခံ Soth Vanna တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။