ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာ၏ “တရုတ်ရုပ်ရှင်ပွဲတော်”လှုပ်ရှားမှုအစီအစဥ်ကို မြန်မာနိုင်ငံရှိ စာသင်ကျောင်းတွင် ပထမဆုံးအကြိမ် အော့ဖ်လိုင်းပုံစံဖြင့် ကျင်းပ

Yunnan Gateway, September 1, 2022
Size:

ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာ၏ “တရုတ်ရုပ်ရှင်ပွဲတော်”လှုပ်ရှားမှုအစီအစဥ်အား သြဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာပညာရေးစင်တာ၌ ကျင်းပခဲ့ပြီး ၎င်းသည် ဤလှုပ်ရှားမှုအစီအစဥ်၏ ပထမဆုံးအကြိမ် စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။


အဆိုပါနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာပညာရေးစင်တာမှ ဆရာဆရာမနှင့် ကျောင်းသူကျောင်းသားများသည် ပညာရေးအား အဓိကအကြောင်းအရာဖြင့် ဖော်ပြသော ရုပ်ရှင်ဖြစ်သည့် “တစ်ယောက်မှ မကျန်ရစ်စေရ” “တောင်တန်းပေါ်က အမျိုးသမီးဘောလုံးအဖွဲ့”ကို အတူတကွ ကြည့်ရှုခဲ့ပါသည်။ ရုပ်ရှင်တွင်ဖော်ပြသည့် တရုတ်ကျေးလက်ဒေသ ကျောင်းဆရာများက မိမိ၏အလုပ်တာဝန်ကို ကြံ့ကြံ့ခိုင် ကာကွယ်စောင့်ရှောက်ပြီး နေထိုင်မှုဘဝချစ်မြတ်နိုးကာ အိပ်မက်အကောင်အထည်ပေါ်အောင် ကြိုးစားသောအကြောင်းအရာများသည် ကျောင်းသူကျောင်းသားများ၏ တူညီသည့်စိတ်ခံစားချက်ကို ခံစားမိစေခဲ့သည်။




(သတင်းရင်းမြစ် - ယူနန်နေ့စဥ်သတင်းစာ)