မြန်မာသည် ခရီးသွားလာရေးကို အမျိုးသားစီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရန် ဦးစားပေးလုပ်ငန်းအဖြစ် ထားသည်ဟု ကောင်စစ်ဝန်ချုပ် ဆို

CRI, August 26, 2022
Size:

၂၀၂၂ ခုနှစ် အာရှတောင်တန်းဒေသ ခရီးသွားလာရေး Promotion ကွန်ဖရင့်ကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်းမြို့တွင် မကြာမီက ဖွင့်လှစ်ခဲ့ပါသည်။ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ၂၀၂၂ ခုနှစ် အာရှတောင်တန်းဒေသ ခရီးသွားလာရေး Promotion ကွန်ဖရင့်သည် အာရှနိုင်ငံအသီးသီးအကြား အပြန်အလှန် သိရှိနားလည်မှုကို ပိုမိုနက်ရှိုင်းစေပြီး ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးအတွက် အခွင့်ကောင်း ဖန်တီးပေးကြောင်း၊ မြန်မာ့ခရီးသွားလာရေးလုပ်ငန်း နာလန်ထူဖို့ မဟာဗျူဟာစီမံကိန်း ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် အနာဂတ်တွင် နိုင်ငံတကာ တောင်တန်းဒေသ ခရီးသွားလာရေး အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာ့ခရီးသွားလာရေးလုပ်ငန်း နာလန်ထူရန် မဟာဗျူဟာလမ်းကြောင်းမြေပုံကို ရေးဆွဲချမှတ်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသည်များအား အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးမည့်အပြင် ခရီးသွားလာရေးကို အမျိုးသားစီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရန် ဦးစားပေးလုပ်ငန်းအဖြစ်လည်း သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါသည်။