တရုတ်-မြန်မာနယ်စပ်ဒေသ မန်မန်းလမ်းကြောင်း၏ အစိမ်းရောင်လမ်းကြောင်းသည် ယူနန် လတ်ဆတ်ပန်းတင်ပို့မှုကို လွယ်ကူချောမွေ့စေ

Yunnan Gateway, August 25, 2022
Size:

ဩဂုတ်လ ၂၂ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ရှိ ဝမ်တိန်နယ်စပ်ဂိတ် မန်မန်းလမ်းကြောင်းသို့ ၁၅ ဒသမ ၂ တန်ရှိ လတ်ဆတ်သော ကာနေးရှင်းပန်းများ အပြည့်တင်ဆောင်ထားသည့် ကုန်တင်ယာဉ်တစ်စီး ရောက်ရှိလာခဲ့သည်။ ကုန်တင်ကား၏အင်ဂျင်စက်သံနှင့်အတူ တစ်နာရီမပြည့်မီတွင် ယူနန်ပြည်နယ်မှ ထွက်ရှိသော ၎င်းလတ်ဆတ်ပန်းများသည် အကောက်ခွန်ရှင်းလင်းမှု ပြီးစီးကာ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီး မကြာမီ နိုင်ငံတကာဈေးကွက်တွင် ပွင့်လန်းလာမည်ဖြစ်သည်။

လတ်ဆတ်ပန်းများသည် လတ်ဆတ်မှု အချိန်မီ ထိန်းသိမ်းရသောပို့ကုန် ဖြစ်ပြီး သိုလှောင်မှုသက်တမ်းတိုပြီး အပူချိန်နှင့် လတ်ဆတ်မှု ထိန်းသိမ်းရန်ခက်ခဲပါသည်။ ပို့ဆောင်ရာတွင် တင်ပို့ရောင်းချသောပန်းများအား ထိခိုက်ပျက်စီးမှုနည်းပါးပြီး ကြည့်ရှုချိန်ကြာရှည်စေရန်အတွက် ဝမ်တိန်နယ်စပ်ဂိတ် မန်မန်းလမ်းကြောင်းသည် အစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်ကာ တစ်နေ့တာလုံးတွင် လတ်ဆတ်ပန်းများကို အလျင်အမြန် အကောက်ခွန်ရှင်းလင်းနိုင်ရန် အာမခံကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

"အခုအချိန်မှာ 'အစိမ်းရောင်လမ်းကြောင်း'ဟာ အလုပ်တွင်ကျယ်မှုရှိပြီး ပန်းပွင့်တွေရဲ့လတ်ဆတ်မှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးခဲ့ပါတယ်။ လုပ်ငန်းအဖွဲ့တွေနဲ့ စားသုံးသူတွေအားလုံးကို စိတ်ချရစေပါတယ်" ဟု သက်ဆိုင်ရာဝန်ထမ်းများက ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အကောက်ခွန်ရှင်းလင်းရေး ပြန်လည်စတင်ချိန်မှစ၍ ဝမ်တိန်နယ်စပ်ဂိတ် မန်မန်းလမ်းကြောင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးမူဝါဒကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပြီး အကောက်ခွန်ရှင်းလင်းရေး၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

(ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့ ဝမ်တိန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ။ ဘာသာပြန် - Yunnan gateway)